ကွန်အော်ရေတံခွန်

Listing Description

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့အနီးတွင် တည်ရှိသည့် သဘာဝရေတံခွန်တစ်ခုဖြစ်သည်။ မိုင်းရှူးမြို့နယ် ဟိုက်ပါရေတံခွန်မှ တစ်ဆက်တစ်စပ်တည်း စီးဆင်းလာသည့် နမ့်ပန်ချောင်းပေါ်တွင် ကွန်ဟိန်းမြို့အနီး ရေတံခွန် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရေတံခွန်သည် အဆင့်နှစ်ဆင့်ရှိပြီး ရေတံခွန်မှ စိမ်းစိုသော ရေကျသံ၊ ရေစီးသံ တစ်ဝုန်းဝုန်း တစ်ဝေါဝေါဖြင့် မြင်တွေ့ကြရမည်ဖြစ်သည်။ ကွန်အော်ရေတံခွန်သို့ ရုံးပိတ်ရက်များ၊ လပြည့်လကွယ်နေ့များတွင် လာရောက်လည်ပတ်သူများ၊ အပန်းဖြေအနားယူများဖြင့် စည်ကားလျက်ရှိသည်။