တောင်နဝင်းရေလှောင်တမံ

Listing Description

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့၏အရှေ့ဘက် ၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ၁၉၈၅ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ODA ချေးငွေဖြင့် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ငွေ ကျပ်သန်းပေါင်း ၁၄၇၂. ၆၅ သန်း ကုန်ကျခဲ့ကြောင်း သိရသည်။ ပြည်၊ သဲကုန်း၊ ပေါက်ခေါင်းစသည့် မြို့နယ်များရှိ စိုက်ပျိုးမြေဧက တစ်သောင်းနီးပါး ရေပေးဝေနိုင်ပြီး ရေလှောင် ပမာဏ ဧကပေ ၂၈၇၀၀၀ ရှိ၍ မြန်မာနိုင်ငံတွင် ရေမြုပ်ဧရိယာအကျယ်ဆုံး အဆင့် ၅ ရှိသည့် ရေလှောင်တမံကြီး ဖြစ်ကာ လက်ရှိတွင် ရေလှောင်ပမာဏ ဧကပေ ၂၂၀၀၀၀ ရှိသည်။