ကာမိုင်းမြို့၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲပေး

Listing Description

ကာမိုင်း   နိုဝင်ဘာ    ၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေ‌ထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက် ၆ နာရီက စတင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် ကာမိုင်းမြို့ပေါ် ရပ်ကွက်တွင် မဲရုံနှစ်ရုံ၊ ကျေးရွာအုပ်စုများတွင် မဲရုံခြောက်ရုံ စုစုပေါင်း မဲရုံရှစ်ရုံရှိ၍ ၂၀၁၅ ခုနှစ်ထက် မဲဆန္ဒရှင်ပြည်သူ များ များပြားလာကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ၌ ဆန္ဒမဲပေးလာ သော မဲဆန္ဒရှင်ပြည်သူများအား ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနက  ထုတ်ပြန်ထား သည့်   စည်းမျဉ်းစည်းကမ်းများနှင့်အညီ   မဲရုံအဝင်ပေါက်တွင်   ကိုယ်အပူချိန်တိုင်းတာပေး ခြင်း၊ ရေမလို လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊  လူစုလူဝေးမဖြစ်စေရန် ခြောက်ပေ အကွာ နေထိုင်စေခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိသည်။

ဆန္ဒ‌မဲပေးခွင့်ရှိသူ ၁၁၈၉၆ ဦးရှိ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲတွင် ကာမိုင်းမြို့၌ ဆန္ဒ‌မဲ ပေးပိုင်ခွင့်ရှိသူ  ၁၁၈၉၆  ဦးရှိကြောင်း၊  လွှတ်တော်အသီးသီး၌  ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း  ၄၇ ဦးရှိပြီး ပါတီ ခြောက်ခုနှင့် တစ်သီးပုဂ္ဂလတစ်ဦးရှိကြောင်း၊ မဲရုံအတွင်း  တာဝန်ထမ်းဆောင်သည့်  မဲရုံမှူး၊   ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်များ  စုစုပေါင်း ၁၁၉ ဦး ရှိကြောင်း မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။    

ဇွဲသူရအောင်(ပြန်/ဆက်)