တိုင်တစ်လုံးအိမ်

Listing Description

ကလောမြို့ အရှေ့မြို့ပတ်လမ်းတွင် တည်ရှိသည်။ အုတ်မြစ်ကို တိုင်လေးတိုင်အစား ဗဟိုတိုင်တစ်လုံးတည်းကိုသာ အခြေခံထားသောကြောင့် တိုင်တစ်လုံးအိမ်ဟု ခေါ်ဝေါ်ကြသည်။ ပိုင်ရှင်များထဲမှ တစ်ဦးမှာ စာရေးဆရာ Maurice Collis ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း မစ္စတာ WS Thom ဖြစ်သည်။ စာရေးဆရာ Maurice Collis ၏ စာအုပ် Lords of the Sunset (နေဝင်ဘုရင်များ) တွင် အရှေ့မြို့ပတ်လမ်းတွင် Thom သည် မစ္စတာ Whiting နှင့်မျက်နှာချင်းဆိုင်တွင် နေထိုင်သည်ဟု ဖော်ပြထားသည်။ ယနေ့အချိန်တွင် ထိုအိမ်အား ခြေမြန်တပ်ရင်း (၇) မှ ပိုင်ဆိုင်သည်။