ကင်းစ်ဝုဒ် (Kingswood) ကျောင်း

Listing Description

ကလောမြို့ ဓမ္မစင်္ကြာလမ်းတွင် တည်ရှိသည်။ ကင်းစ်ဝုဒ် (Kingswood) ကျောင်းကို အထက်မြန်မာပြည် မက်သဒစ်သာသနာပိုင်အဖွဲ့နှင့် အောက်မြန်မာပြည် အမေရိကန် မက်သဒစ်အဖွဲ့တို့မှ ပူးတွဲပိုင်ဆိုင်ကြပြီး ၁၉၂၈ တွင် ဖွင့်လှစ်ခဲ့သည်။ ကျောင်းပရိဝုဏ်ကျယ်ဝန်းပြီး တောင်ကုန်းတစ်ခုစီပေါ်တွင် ကျောင်းဆောင် တစ်ခုဆီရှိကာ တောင်ကုန်းကြားတွင် အားကစားကွင်းနှင့် တင်းနစ်ကွင်းများရှိသော ယင်းကျောင်းသည် ကျောင်းဖွင့်ပြီးမကြာခင်မှာပင် ကလောမြို့၏ ထိပ်တန်းပညာရေးကျောင်းအဖြစ်သို့ ရောက်ခဲ့သည်။ ကင်းစ်ဝုဒ် (Kingswood) ဟူသောအမည်သည် မက်သဒစ်ချာ့ချ်ကို တည်ထောင်သူ Reverend John Wesley မှ ၁၇၄၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Bath (အင်္ဂလန်တောင်ပိုင်း) ရှိ မူရင်း ကင်းစ်ဝုဒ် (Kingswood) ကျောင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ ၁၉၄၂ ခုနှစ်နှင့် ၁၉၄၅ ခုနှစ်ကြားတွင် ကျောင်းအဆောက်အအုံများကို ဂျပန်စစ်တပ်မှ လူနာ ၂၀၀၀ ဆံ့သောဆေးရုံအဖြစ် အသုံးပြုခဲ့ကြသည်။ ၁၉၆၆ ခုနှစ်တွင် ကျောင်းကို ပြည်သူပိုင်အဖြစ်သိမ်းခဲ့ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) အဖြစ် ဖွင့်လှစ်ခဲ့သည်။ ယခုအခါ စစ်ဦးစီးတက္ကသိုလ် (DSCGSC) က ဆေးရုံအဖြစ် အသုံးပြုလျက်ရှိသည်။