မွေတော်ရွှေမြင်တင်စေတီ

Listing Description

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ် အတွင်းရှိ ရွှေမြင်တင်မွေတော်ဘုရားကြီးသည် ဗုဒ္ဓသာသနာတော် သက္ကရာဇ် ၂၃၅ ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးက ဗုဒ္ဓမြတ်စွာဘုရား၏ ဓါတ်တော်များကို ဌာပနာပြု၍ တည်ထား ကိုးကွယ်ခဲ့သော သမိုင်းဝင် တန်ခိုးကြီးဘုရား တစ်ဆူဖြစ်ပါသည်။ စေတီတော်ကြီးတွင် စေတီရံပေါင်း ၅၆ ဆူရှိပြီး မိုင်းကိုင်မြို့၏ ထင်ရှားသော ဘုရားစေတီတစ်ဆူဖြစ်ပါသည်။  စေတီတော်ကြီး၏ ဗုဒ္ဓသာသနာ အရောင်ဝါ ထွန်းလင်းစေရေးအတွက် တပေါင်းလ ဘုရားပွဲတော် မတိုင်မီ မိုင်းကိုင်မြို့ အတွင်းရှိ ဗုဒ္ဓဘာသာဝင်များက နှစ်စဉ်နှစ်တိုင်း ပြုပြင်မွမ်းမံ ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။