ဆောင်းလုလင်

Listing Description

ဆောင်းလုလင်

ကလောင်အမည်ခွဲများ - စိုးရယ်၊ နွေတမာန်

အမည်ရင်း - ဦးသူရသွင်
မိဘအမည် - ဦးမြသွင်၊ ဒေါ်ညွန့်ညွန့်သွင်
မွေးနေ့ - ၁၉၅၉ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် 
(၁၃၂၁ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက်၊ သောကြာနေ့)
ဇာတိ - အောင်လံမြို့
ပညာအရည်အချင်း - ဥပဒေဘွဲ့ L.LB

၁၉၅၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် အောင်လံမြို့၌ မွေးဖွားခဲ့သည်။ အသက် ၁နှစ်အရွယ်မှ ၁၉၇၆ ခုနှစ် ၁၀တန်း အောင်မြင်သည်အထိ သရက်မြို့တွင် နေထိုင်ကြီးပြင်းခဲ့သည်။ 
ထို့နောက် ရန်ကုန်မြို့တွင် ပြောင်းရွှေ့နေထိုင်ပြီး မြန်မာ့အာမခံလုပ်ငန်းကော်ပိုရေးရှင်းတွင် ၁၉၇၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့အာမခံလုပ်ငန်းတွင် တာဝန်ထမ်းဆောင်စဥ် အောင်လံမြို့၊ ကျောင်းကုန်းမြို့၊ ကျောက်ကြီးမြို့၊ ကဝမြို့၊ ညောင်လေးပင်မြို့၊ မိတ္ထီလာမြို့များတွင် တာဝန်ကျခဲ့သည်။
၁၉၉၈ ခုနှစ်မှ ၂၀၀၇ ခုနှစ်ထိ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်သည့် Marie Stopes International, Myanmar 
မန္တလေးရုံးတွင် Field Co-ordinator အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ မန္တလေးမြို့တွင်နေထိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

#စာပေဘဝဖြစ်စဥ်

၁၉၈၈ ခုနှစ် သြဂုတ်လတွင် ပန်းဝေသီမဂ္ဂဇင်း ပန်းနုသစ်သီကဏ္ဍတွင် တွယ်ရာမဲ့ဝတ္ထုတိုအား (စိုးရယ်)ကလောင်အမည်ဖြင့် ဖော်ပြခံရပြီး စာပေနယ်သို့ရောက်ရှိခဲ့သည်။

#စိုးရယ်_ကလောင်အမည်ဖြင့်ထုတ်ဝေခဲ့သော_လုံးချင်းဝတ္ထု ၂အုပ်

၁= ချစ်တယ်ဆိုရုံလေး ၁၉၉၂ လ မမှတ်မိ
၂= ချိုသောမာယာ ၁၉၉၅ အောက်တိုဘာလ

၂၀၀၅ ခုနှစ်တွင် ဆောင်းလုလင်..ကလောင်အမည်ဖြင့် ပြောင်းလဲရေးသားခဲ့ရာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် သည်းထိတ်ရင်ဖိုမဂ္ဂဇင်း၌ တစ်ချိန်တုန်းကသူငယ်ချင်း...ဝတ္ထု စတင်ဖော်ပြခြင်းခံရသည်။ 
ဆောင်းလုလင်ကလောင်ဖြင့် မဂ္ဂဇင်းဝတ္ထုတိုရှည် ပုဒ်ရေ ၆၀ ကျော်ရေးသားခဲ့ပြီး၊ လုံးချင်းဝတ္ထု ၄၆
အုပ် ရေးသားခဲ့သည်။
လုံးချင်းဝတ္ထုများကို လောကနတ်စာပေ၊ ဆုပြည့်စုံထွန်းစာပေတို့မှ ထုတ်ဝေခဲ့သည်။

#ဆောင်းလုလင်လုံးချင်းဝတ္ထုများ

ဆောင်းလုလင်
ထုတ်ဝေပြီးလုံးချင်းဝတ္ထုများ

၁။  ဒေါက်တာစိုးထိုက်နှင့် နဂါးတိုင်းပြည်  ၂၀၀၅၊ စက်တင်ဘာ           
၂။  ဒေါက်တာစိုးထိုက်နှင့် မှော်မျက်ဝန်းရှင် (ဗီဒီယိုဇာတ်ကားရိုက်ကူး) ၂၀၀၅၊ အောက်တိုဘာ       
၃။  ဒေါက်တာစိုးထိုက်နှင့် ကဝေ့ကြေးမုံ  ၂၀၀၅ နိုဝင်ဘာ        
၄။  ဒေါက်တာစိုးထိုက်နှင့် ကိုယ်ပျောက်ဝိညာဉ်      ၂၀၀၅၊ ဒီဇင်ဘာ        
၅။  ဒေါက်တာစိုးထိုက်နှင့် ထူးဆန်းသောဟင်းတစ်ခွက်    ၂၀၀၆၊ မေ        
၆။  ဒေါက်တာစိုးထိုက်နှင့် သေမင်းငင်သောည     ၂၀၀၆၊ ဇွန်        
၇။  ဒေါက်တာစိုးထိုက်နှင့် ဥစ္စာစောင့်မလေးမြကြေးမုံ ၂၀၀၆၊ ဇူလိုင်        
၈။  ဒေါက်တာစိုးထိုက်နှင့် အိပ်မက်အတူမက်သူများ (ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးရန်စီစဉ်) ၂၀၀၆၊ စက်တင်ဘာ    
၉။  ဒေါက်တာစိုးထိုက်နှင့် လိပ်ပြာမိတ္တူ  ၂၀၀၆၊ အောက်တိုဘာ    
၁၀။ ဝင်္ကန္တမာယာ    ၂၀၀၆၊ ဒီဇင်ဘာ        
၁၁။ အန္တိမခရီးသည်  ၂၀၀၇၊ ဖေဖော်ဝါရီ    
၁၂။ ဝိညာဉ်လှောင်အိမ်  ၂၀၀၇၊ မေ    
၁၃။ ဒေါက်တာစိုးထိုက်နှင့် နဂါးသိုက်ရှာပုံတော်  ၂၀၀၇၊ ဇွန်        (ရုပ်သံဇာတ်လမ်းတွဲ)
၁၄။ တိမ်တိုက်လိုဘ၀မျိုး    ၂၀၀၇၊ ဇူလိုင်            
၁၅။ အပင်း (ဗီဒီယိုဇာတ်ကား) ၂၀၀၇၊ စက်တင်ဘာ    
၁၆။ ဒေါက်တာစိုးထိုက်နှင့် အခြားကမ္ဘာမှချစ်သူများ ၂၀၀၇၊ အောက်တိုဘာ         
၁၇။ ဒေါက်တာစိုးထိုက်နှင့် နေအဝင်ညအကူးတစ္ဆေမြူးတဲ့တော    ၂၀၀၇၊ နိုဝင်ဘာ            
၁၈။ တစ္ဆေအော်သံ (ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးရန်စီစဉ်)  ၂၀၀၈၊ ဇန်နဝါရီ            
၁၉။ မြနဲ့မောင်နဲ့ ခုမှတွေ့တာ  ၂၀၀၈၊ ဖေဖော်ဝါရီ        
၂၀။ တိတ်တိတ်ပုန်းလရောင် ၂၀၀၈၊ ဧပြီလ            
၂၁။ နှစ်ကိုယ်ခွဲနှင်းဆီ (ဗီဒီယိုဇာတ်ကား၂ကြိမ်ရိုက်ကူးပြီး) ၂၀၀၈၊ ဇွန်လ        
၂၂။ လွမ်းရုံသက်သက် ၂၀၀၈၊ ဇူလိုင်လ            
၂၃။ ဒေါက်တာစိုးထိုက်နှင့်ဖော်ဝေးဝိညာဉ် ၂၀၀၈၊  စက်တင်ဘာလ        (ရုပ်ရှင်ဇာတ်ကား)
၂၄။ အပျော်တမ်းခြောက်တဲ့သရဲ (၀တ္ထုတိုပေါင်းချုပ်)  ၂၀၀၈၊  ဒီဇင်ဘာလ        
၂၅။ လနှစ်စင်းနှင့်နှင်းတစ်ပေါက် ၂၀၀၉၊  ဇန်နဝါရီလ        (ရုပ်သံဇာတ်လမ်း)
၂၆။ စက်ကွင်း ၂၀၀၉၊  ဧပြီလ            
၂၇။ သစ္စာ၏သားကောင်များ  ၂၀၀၉၊     ဇွန်လ            
၂၈။ မွေးစားတစ္ဆေ      ၂၀၀၉၊     ဩဂုတ်လ    
၂၉။ ဆင်ဝင်စား ၂၀၀၉၊     အောက်တိုဘာလ        
၃၀။ လူဝင်စားလား တစ္ဆေလား (၀တ္ထုတိုပေါင်းချုပ်) ၂၀၁၀၊  ဇန်နဝါရီလ    
၃၁။ ချွတ်စွပ် ၂၀၁၀၊ ဧပြီလ      
၃၂။ စက်ရုပ်တစ္ဆေ (သိပ္ပံ၀တ္ထုတိုပေါင်းချုပ်) ၂၀၁၀၊ ဇွန်လ 
၃၃။ နေတစ်ခြမ်းပဲ့     ၂၀၁၀၊ အောက်တိုဘာလ 
၃၄။ မှော်ဝင်သီချင်း  ၂၀၁၀၊ ဒီဇင်ဘာလ  
၃၅။ ပွင့်တူရွက်တူ     ၂၀၁၁၊ ဇန်နဝါရီလ
၃၆။ မှော်ရုံတောမှာပျော်ဖူးတယ် ၂၀၁၁၊ မတ်လ (သံသရာအဆက်ဆက် အမည်ဖြင့် ဗီဒီယိုဇာတ်ကား)
၃၇။ မုသားခြုံလွှာ မာယာဝတ်ရုံ ၂၀၁၁၊ မေလ    
၃၈။ တစ်ကျော့ပြန်ဝိညာဉ် (နွေတမာန်၏သရဲခြောက်တမ်းကစားသူများနှင့် ပူးတွဲထုတ်ဝေသည်) ၂၀၀၉ခုနှစ်၊သြဂုတ်လ
၃၉။ လှိုက်စားတတ်သောစိတ်တစ္ဆေနှင့်အခြား၀တ္ထုတိုများ (၀တ္ထုတိုပေါင်းချုပ်) ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ 
၄၀။ နေလရတနာသိုက် 
၄၁။ တဏှာ၏ကျေးကျွန်များ (ရုပ်သံဇာတ်လမ်းတွဲ)
၄၂။ ဆင်ရတနာသိုက် 
၄၃။ တမလွန်က ပျံလာတဲ့လိပ်ပြာ
၄၄။ ရိုင်းတဲ့တစ္ဆေ
၄၅။ သေမင်း၏လက်ဗွေရာ
၄၆။ တစ္ဆေကပွဲ 
၄၇။ လိပ်ပြာဧည့်သည် (အချစ်နဲ့ထိရင်ကြွေ အမည်ဖြင့် ရုပ်ရှင်ကားကြီး) 
၄၈။ ဒေါက်တာစိုးထိုက်နှင့် ရေနန်းသူဇာ
၄၉။ အရိုးတွန်တဲ့ည (ဗီဒီယိုဇာတ်ကား)
၅၀။ အာဒမ်၂ယောက်

၂၀၀၈ ခုနှစ်တွင် နွေတမာန်ကလောင်အမည်ခွဲဖြင့်
 ရေးသားခဲ့ရာ နွေတမာန်ကလောင်ဖြင့် ဝတ္ထုတို ၂၄ ပုဒ်နှင့် လုံးချင်းဝတ္ထု ၂၅ အုပ် ရေးသားခဲ့သည်။ 
နွေတမာန်လုံးချင်းဝတ္ထုများကို ဆုပြည့်စုံထွန်းစာပေမှ ထုတ်ဝေခဲ့သည်။

#နွေတမာန်လုံးချင်းဝတ္ထုများ

၁။    ပုစ္ဆာဆန်သောတစ္ဆေမလေး        ၂၀၀၈၊ မေလ    (ဗီဒီယိုဇာတ်ကား)
၂။    စုန်းအပျိုစင်            ၂၀၀၈၊ ဇွန်လ            
၃။    သေမင်းငင်ခရီးကြမ်း        ၂၀၀၈၊ ဇူလိုင်လ            
၄။    ကမ္ဘာတုန်တဲ့ည            ၂၀၀၈၊ ဩဂုတ်လ    (    ဗီဒီယိုဇာတ်ကား)
၅။    တဏှာကျွန် (ပေါင်းချုပ်)        ၂၀၀၈၊ နိုဝင်ဘာလ        
၆။    တမလွန်ကပြန်ခဲ့တယ်        ၂၀၀၉၊ ဇန်နဝါရီလ        
၇။    ဝိညာဉ်တွယ်သောမျက်လုံးများ    ၂၀၀၉၊ ဧပြီလ            
၈။    ဝိညာဉ်ခေါ်ရာ            ၂၀၀၉၊ ဇွန်လ            
၉။    ကြမ္မာဆိုးမွှေတဲ့တစ္ဆေအိမ်        ၂၀၀၉၊ အောက်တိုဘာ         
၁၀။    နေကိုကျောခိုင်းထားတဲ့လ        ၂၀၁၀၊ ဇန်နဝါရီ         ( ဗီဒီယိုဇာတ်ကား)
၁၁။    ပြဿနာရှာဖို့တို့လာတယ်        ၂၀၁၀၊ ဧပြီ         
၁၂။    လမင်းကြွေတဲ့ည            ၂၀၁၀၊ ဧပြီ     (    ဗီဒီယိုဇာတ်ကား)
၁၃။    ဘဝဟောင်းက ပြောင်းခဲ့သူ             ၂၀၁၀၊ ဇွန်လ    
၁၄။    တစ်ရေးနိုးလိပ်ပြာ            ၂၀၁၀၊ စက်တင်ဘာလ (ဗီဒီယိုဇာတ်ကား)
၁၅။    နေနဲ့လကိုချည်တဲ့ကြိုး        ၂၀၁၀၊ နိုဝင်လာလ (ဗီဒီယိုဇာတ်ကား)
၁၆။    သေမင်းခေါ်တဲ့လမ်း        ၂၀၁၀၊ ဒီဇင်ဘာလ (ရုပ်သံဇာတ်လမ်းတွဲ)
၁၇။    နတ်ဝှက်တဲ့ပန်း            ၂၀၁၁၊ ဇန်နဝါရီလ
၁၈။    အိပ်မက်စက်ဝိုင်း            ၂၀၁၁၊ မတ်လ
၁၉။    မူရင်းကျွန်တော်နှင့်မိတ္တူကျွန်တော်    ၂၀၁၁၊ ဇူလိုင်လ     (ဗီဒီယိုဇာတ်ကား)
၂၀။    သရဲခြောက်တမ်းကစားသူများ    ၂၀၀၉၊ ဩဂုတ်လ     (ဆောင်းလုလင်-တစ်ကျော့ပြန်ဝိညာဉ်နှင့်တွဲ၍ထုတ်ဝေသည်)
၂၁။ သည်းခြေပျက်တဲ့လ
၂၂။ သေတွင်း
၂၃။ မိစ္ဆာပူးသောဘ၀များ
၂၄။ ထီးလိုလိုမှိုလိုလို (ရုပ်သံဇာတ်လမ်း) 
၂၅။ အိပ်မက်ရစ်သမ် (ဗီဒီယိုဇာတ်ကား)

#စာပေလှုပ်ရှားမှုများ

၂၀၁၁ ခုနှစ်မှစတင်၍ ဝတ္ထုတိုများကို အသံထွက်ဖတ်ရှုကာ Recording ပြုလုပ်၍ အသံထွက်ဝတ္ထုများ ဖန်တီးခဲ့သည်။ မိမိဝတ္ထုများနှင့် အခြားစာရေးဆရာ၊ ဆရာမများ၏ဝတ္ထုတိုများ ပုဒ်ရေ ၁၀၀ ကျော်ကို အသံထွက်ဝတ္ထုများ ဖန်တီးခဲ့သည်။
အသံထွက်ဝတ္ထုများ၊ အသံထွက်ကဗျာများ နှင့် အသံထွက်ဟာသများကို ကိုယ်ပိုင်ဝက်ဆိုက်ဖြစ်သည့် နွေမိုးဆောင်းဝက်ဆိုက် nwaymoresaung.blogspot.com နှင့် ကိုယ်ပိုင် You Tube Channel ဖြစ်သည့် နွေမိုးဆောင်းချယ်နယ် Nway More Saung Channel များတွင် တင်ထားပါသည်။

#ဗီဒီယိုမဂ္ဂဇင်း

အသံထွက်ဝတ္ထုများ၊ အသံထွက်ကဗျာများ၊ အသံထွက်ဆောင်းပါးများနှင့် အသံထွက်ဟာသများ စုစည်းကာ စီဒီချပ်တွင်ထည့်သွင်း၍ နွေမိုးဆောင်းဗီဒီယိုမဂ္ဂဇင်းအဖြစ် ထုတ်ဝေခဲ့ရာ အမှတ် ၁မှ အမှတ် ၄အထိ ထုတ်ဝေခဲ့ပါသည်။ 

#မဂ္ဂဇင်းအယ်ဒီတာ

၂၀၁၅ ခုနှစ်တွင် ငြိမ်းချမ်းရေးမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ 

#ပြည်ပခရီးစဥ်

တေးသံရှင် စာရေးဆရာမ မေကျော့ရှင်း၏ ဖိတ်ကြားစီစဥ်မှုဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံအတွင်း ဘန်ကောက်မြို့၊ ချင်းမိုင်မြို့၊ ရနောင်းမြို့များသို့ စာပေဟောပြောပွဲ (၇)ကြိမ် သွားရောက်ခဲ့ပါသည်။

#ဇာတ်ညွှန်းရေးသားခြင်း

၂၀၁၇ ခုနှစ်မှစ၍ ဗီဒီယို၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားဇာတ်လမ်းနှင့် ရုပ်သံဇာတ်လမ်းတွဲများအတွက် ဇာတ်ညွှန်းများရေးသားခဲ့ပါသည်။ 
၂၀၁၈ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှစီစဥ်ပြီး အကယ်ဒမီဒေါ်ဆွေဇင်ထိုက် ဦးဆောင်သင်ကြားပို့ချသော ဇာတ်ညွှန်းရေးနည်းသင်တန်းအား တက်ရောက်ခဲ့ပါသည်။ 

#ရေးသားခဲ့သောဇာတ်ညွှန်းများ

တစ္ဆေကပွဲ (ရုပ်ရှင်ဇာတ်ကား)

ကျောက်ရိုင်းလေးများ (ဗီဒီယိုဇာတ်ကား)

အရိုးတွန်တဲ့ည (ဗီဒီယိုဇာတ်ကား)

3 Missed Calls (ရုပ်သံဇာတ်လမ်းတွဲ)

တဏှာ၏ကျေးကျွန်များ (ရုပ်သံဇာတ်လမ်းတွဲ)

သေမင်းခေါ်တဲ့လမ်း (ရုပ်သံဇာတ်လမ်းတွဲ)

နဂါးသိုက်ရှာပုံတော် (ရုပ်သံဇာတ်လမ်းတွဲ)

#မိသားစု

ဇနီးဒေါ်လှယဥ်ကျေး။ သမီး ဒေါက်တာမေသူရမိသားစုနှင့်အတူ သန်လျင်မြို့ Star City အိမ်ရာတွင် နေထိုင်လျှက်ရှိပါသည်။ 

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2022-10-12 09:58:41

#စာတမ်းပြုစုခြင်း

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဝတ္ထုမှအသွင်ပြောင်းလာသော ရုပ်ရှင်ဇာတ်ကားများ...စာတမ်းကို ပြုစုခဲ့သည်။