ပြည်ဘူတာ

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်တုအနီးတွင် တည်ရှိပါသည်။ ရန်ကုန်-ပြည် မီးရထားလမ်းသည် အင်္ဂလိပ်အစိုးရလက်ထက် ၁၈၇၇ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော မီးရထားလမ်းဖြစ်သည်။ မီးရထားလမ်းသည် ၁၆၁ မိုင်ရှည်ပြီး ၁၁၇၅၃၀၀၀ ကျပ်ကုန်ကျခဲ့သည်။ ပြည်ဘူတာ၏ ပင်မအဆောက်အအုံသည် ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့သည်။ ဘူတာစင်္ကြန်အဆောက်အအုံနှစ်ခုသာ မူလအတိုင်းကျန်ရှိပြီး ယခုအချိန်အထိ အသုံးပြုလျက်ရှိသည်။