ကျွန်းတောဆင်စခန်း

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အနီး၊ ပြည်-ရန်ကုန်ကားလမ်းဘေးတွင် တည်ရှိပါသည်။ ၁၈၅၇ ခုနှစ်တွင် ဂျာမန်သစ်တောပညာရှင် ဘရန်းဒစ်က ဧရိယာ ၂၄ ဧကတွင် ကျွန်းပင်များ စတင်စိုက်ပျိုးခဲ့ပြီးနောက် တိုးချဲ့စိုက်ပျိုးခဲ့ကာ စုစုပေါင်း ၇၈ ဧကအကျယ်အဝန်းတွင် ကျွန်းပင်ပေါင်း ၃၅၀၃ ပင် ရှိပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ယင်းကျွန်းတောကြီးကို ဆင်စခန်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ဆင်စခန်းအတွင်းရှိ ကျွန်းပင်ကြီးများမှာ နှစ်ပေါင်းရာကျော်သက်တမ်းရှိ ကျွန်းပင်ကြီးများဖြစ်ကာ ခရီးသွားဧည့်သည်များကို ပိုမိုစွဲဆောင်နိုင်ပြီး ဆင်စခန်းအတွင်း၌ ဆင်များအစာကျွေးခြင်း၊ ဆင်စီးခြင်းများ ပြုလုပ်နိုင်ပါသည်။