ဖောင်တော်ဦးဘုရား (အင်းလေး)

Listing Description

ရှမ်းပြည်နယ် အင်းလေးကန်ရှိ ဖောင်တော်ဦးဘုရားသည် ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုတစ်ခုအနေဖြင့် သာမက၊ မြန်မာနိုင်ငံရှိ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် အထင်ကရ အရာလည်းဖြစ်သည်။ သက္ကရာဇ် ၄၈၂ တွင် အလောင်းစည်သူမင်းကြီးသည် သရက္ခာန် ရုပ်တုတော်လေးဆူကို သန်းထောင်အရပ် ဖောင်တော်ပေါက်တောင်ခြေရင်း၌ ဌာပနာတိုက်တည်ဆောက်ပြီး လိုဏ်ဂူသွင်းထားပြီး မြတ်ပေါင်းမဉ္ဇူဘုရား ရုပ်တုတော်ကို မဟာဂါမရွာကျောင်းဆရာတော် အရိယဓဇ ဓမ္မရာသီ ထံအပ်နှံခဲ့သည်။ သက္ကရာဇ် ၇၂၁ ခုနှစ်တွင် ရုပ်တုတော်မြတ်လေးဆူကို မဟာဂါမရွာကျောင်း၌ သီတင်းသုံးတော်မူသော မြတ်ပေါင်းမဉ္ဇူဘုရားရုပ်တုတော်နှင့်အတူ ကိန်းဝပ်တော်မူပါသည်။ သက္ကရာဇ် ၁၂၅၂ မှစ၍ ရုပ်တုတော်ငါးဆူကို နန်းဟူးရွာ၌ ထာဝရ ကျောင်းတော်ကြီးတည်ဆောက်ပြီး ကိုးကွယ်လာခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ ယခုအခါ ရုပ်တုတော်ငါးဆူမှာ ရွှေချရွှေသင်္ကန်းအကပ်များလွန်း၍ ဆင်းတုတော်များမှာ မူလရုပ်သွင်ပင်ပျောက်ကွယ်နေပါသည်။ ဖောင်တော်ဦးစေတီပွဲတော်ကို ဝါကျွတ်သည့် အောက်တိုဘာလတွင် နှစ်စဉ်ကျင်းပမြဲဖြစ်၍ ၃ ရက်ကြာပါသည်။ ယင်းပွဲတော်တွင် ဗုဒ္ဓဆင်းတု ၄ ဆူကို တော်ဝင်ကရဝိတ်ဖောင်ပေါ်တင်၍ အခြားအင်းလေးအတွင်း စေတီပုထိုးများအားဖြတ်၍ လှည့်လည်အပူဇော်ခံလေ့ရှိပါသည်။