သမ္ဗာသမ္ဗုဒ္ဓမြို့ဦးစေတီတော်

Listing Description

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ သောင်တိုးမြေပေါ်တွင် တည်ထားကိုးကွယ်ထားပါသည်။ စေတီတော်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် သောင်တိုးမြေရှိ အကျယ်အဝန်း ၅ ဒသမ ၁၂၁ ဧကပေါ်တွင် စတင်တည်ထားခဲ့ရာ ၂၀၁၈ ခုနှစ် မတ်လ ၁ ရက် တပေါင်းလပြည့်နေတွင် တည်ဆောက်ပြီးစီးခဲ့ပြီး ရွှေထီးတော်တင်လှူပူဇော်ခဲ့ပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၇၂ ပေရှိသည်။