နမ့်ဆန်သဘာဝရေပူစမ်း

Listing Description

နမ့်ဆန်သဘာဝရေပူစမ်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဟူးခင်ရွာနှင့် မန်စပ်ကျေးရွာကြား တောင်အောက်အနီးတွင် တည်ရှိသည်။ ရေပူစတင်ထွက်ရာ နေရာနှစ်ခုပေါ်တွင် လူထိုင်နိုင်ရန် သစ်သားပြားများခင်းပေးထားပြီး အလုံပိတ်အခန်းတည်ဆောက်ထားကာ ချွေးထုတ်ခန်းပြုလုပ်ထားသည်ကို တွေ့နိုင်ပါသည်။ ရေကန်မှာလည်း အမျိုးသားသီးသန့် နှင့် အမျိုးသမီးသီးသန့်စီ ခွဲခြားထားပြီး သဘာဝရေပူလာသောပိုက်နှင့် ရေအေးလာသောပိုက်ခွဲခြားထားကာ ရေပူရေအေးတို့ကို လိုသ‌လိုသုံးစွဲနိုင်ရန် စီစဉ်ပေးထားပါသည်။ လာရောက်လည်ပတ်သူများ နားနေနိုင်ရန် စားသောက်ဆိုင်များရှိပြီး၊ သံဃာတော်များ နားနေတည်းခိုနိုင်ရန် အဆောက်အဦးတစ်လုံးလည်း တည်ဆောက်ပေးထားသည်။ နမ့်ဆန်သဘာဝရေပူစမ်းသည် အနီးအနားရှိ ဒေသခံကျေးရွာများမှသာမက ဝေးကွာသည့် မြို့ပေါ်၊ ကျေးရွာများမှလည်း လာရောက်အပန်းဖြေ ရေပူစိမ်ကြသူများနှင့် စည်ကားလျက်ရှိပါသည်။