စိုင်းအောင်ဝင်း

Listing Description

စိုင်းအောင်ဝင်းသည် အင်္ဂလိပ်ဘာသာစကားသင်ကြားသူတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားဆိုင်ရာ ဆောင်းပါးများကို ရေးသားနေသူတစ်ဦးဖြစ်သည်။

စိုင်းအောင်ဝင်းကို အဖ ဦးဝင်းဝေါ် အမိ ဒေါ်ခမ်းလူ တို့မှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့တွင် မွေးဖွားသည်။ ၁၉၆၀ ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းကို အင်္ဂလိပ်စာ ရမှတ် ၁၅၀-၂၀၀ ဖြင့် အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ ရရှိခဲ့သည်။

၁၉၇၀ ခုနှစ်မှစပြီး ကိုယ်ပိုင် အင်္ဂလိပ်စာသင်တန်းကျောင်းတစ်ကျောင်းကို တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ယနေ့တိုင် အလယ်တန်း၊ အထက်တန်းနှင့် အဆင်မြင့်တန်း ကျောင်းသူကျောင်းသားများကို အင်္ဂလိပ်စာ သင်ကြားပို့ချ လျက်ရှိသည်။

အင်္ဂလိပ်စာ ပညာပေးဆောင်းပါးများ၊ ဗဟုသုတဆောင်းပါးများ၊ ဘာသာပြန်ဝတ္ထု၊ ဆောင်းပါးများကို စဉ်ဆက်မပြတ် ပြုစုရေးသားလျက်ရှိသည်။ ထို့အပြင် English For All Magazine နှင့် Global English Magazine တို့တွင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားလျက် ရှိသည်။