ရွှေလီ(၁)လျှပ်စစ်ဓာတ်အားပေးစက်ရုံ

Listing Description

ရွှေလီ(၁) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၏အနောက်မြောက်ဖက် ၁၇ မိုင်ခန့်အကွာတွင်တည်ရှိသည်။ စက်တပ်ဆင် အင်အားမှာ ၁၀၀ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက် (၆) လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၆၀၀ မဂ္ဂါဝပ်ဖြစ်ပြီး တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ယူနစ်သန်းပေါင်း ၄၀၂၂ ဖြစ်ပါသည်။ ရွှေလီ (၁) ဓာတ်အားပေး စက်ရုံမှဓာတ်အားပေးစက် (၄) လုံး (၄၀ဝမဂ္ဂါဝပ်) ကို ၂၃၀ ကေဗွီဓာတ်အားလိုင်းဖြင့် ချိတ်ဆက်၍ မန်စံဓာတ်အားခွဲရုံမှတဆင့် မြန်မာနိုင်ငံအမျိုးသားဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်လျက်ရှိပါသည်။ နွေရာသီကာလလျှပ်စစ်ဓာတ်အား သုံးစွဲမှုများချိန်တွင် ၄၀၀ မဂ္ဂါဝပ်ကို မြန်မာနိုင်ငံ အမျိုးသားဓာတ်အားစနစ်သို့ပို့လွှတ်လျက်ရှိပြီး၊ နိုင်ငံတော်အတွက် အကျိုးပြုလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံ ဖြစ်ပါသည်။