နက္ခတ်တာရာပြခန်း

Listing Description

နက္ခတ်တာရာပြခန်း(နေပြည်တော်)သည် ရန်ကုန်-မန္တလေးကားလမ်းမဟောင်း၏ အရှေ့ဘက် ရေဆင်းဆည်အနီးရှိ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်အတွင်း၌ တည်ရှိပါသည်။ ၂၀၀၉ ခုနှစ် ၊မတ်လ ၂၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ နိုင်ငံတကာအဆင့်မီစက်များနှင့် အသုံးအဆောင်များကို တပ်ဆင်အသုံးပြုထားပြီး လာရောက်လေ့လာကြည့်ရှုသူ ပြည်သူများ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာစေရန် နက္ခတ်တာရာပြခန်း(နေပြည်တော်)ကို ရေတံခွန်နှင့် မြေယာရှုခင်း အလှဆင်ထားပါသည် ပြကွက်များမှာ ဥက္ကာပျံနှင့် ဥက္ကာခဲပြကွက် ၊ အာကာသဆိုင်ရာ ပညာပေးပြကွက်၊ လနှင့်ပက်သက်သော ပြကွက်၊ ဂလက်ဆီ အဖွဲ့အစည်းဆိုင်ရာ ပညာပေးပြကွက်၊ မဟာစကြာဝဠာ၏ သဘောသဘာ၀ပြကွက်၊ မကွေးတိုင်း မြို့သစ်မြို့နယ်အတွင်းသို့ ၂၀၀၅ ခုနှစ်က ကျရောက်ခဲ့သော ဥက္ကာခဲနှင့် ပက်သက်သည့် သိကောင်းစရာ ပြကွက်တို့ ပြသထားပါသည်။ ထို့အပြင် ပြပွဲအစီအစဉ်အဖြစ် ဒစ်ဂျစ်တယ် ပရိုဂျက်တာ ပြသမှုစနစ်ဖြင့် မြန်မာ့အလှ မြန်မာ့ရှုခင်းပြကွက်၊ အီဂျစ်ပြည်ရှိ အထင်ကရ အဆောက်အဦးများအား ကိုယ်တိုင်ရောက်ရှိနေသကဲ့သို့ မြင်တွေ့ရမည့်အပြင် အီဂျစ်ဖာရို ဘုရင်များနှင့် ကြယ်တာရာများ ဆက်စပ်ယုံကြည်မှု ဇာတ်လမ်းတိုပြကွက်၊ အနန္တစင်္ကြဝဠာအတွင်း လှို့ဝှက်ဆန်းပြကွက်နှင့် သန္တာကျောက်တန်း ရေအောက်ကမ္ဘာ ပညာပေးဇာတ်လမ်းတို့ ပြသလျက်ရှိပါသည်။