ငဖဲမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲပေး

Listing Description

ငဖဲ   နိုဝင်ဘာ   ၈

မကွေးတိုင်းဒေသကြီး  ငဖဲမြို့နယ်တွင်  ၂၀၂၀ ပြည့်နှစ်      ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို  ယနေ့နံနက်  ၆  နာရီမှ ညနေ ၄  နာရီအထိ ရပ်ကွက်/ ကျေးရွာအုပ်စု ၃၃ အုပ်စုတွင်ဖွင့်လှစ်ထားရှိသည့်   သတ်မှတ် ထားသော  စာသင်ကျောင်း၊   ဓမ္မာရုံ၊  ခန်းမ စသည့်မဲရုံ   ၇၈   ရုံ၌   တစ်ပြိုင်နက် ကျင်းပသည်။

မဲဆန္ဒရှင်ပြည်သူများက     ဆန္ဒမဲများ လာရောက်ပေးသည့်အခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  လမ်းညွှန်ချက်များ နှင့်အညီ  တစ်ဦးနှင့်တစ်ဦး  ခြောက်ပေအကွာ ထားရှိပြီး  ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစည်းများ ဝတ်ဆင်စေခြင်း  ဆောင်ရွက်ပေးပြီး ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်အတွင်း  ပါတီ  ခြောက်ပါတီမှ  ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများမှာ ပြည်သူ့လွှတ်တော်တွင်    ခြောက်ဦး၊ အမျိုးသားလွှတ်တော်  မဲဆန္ဒနယ် အမှတ်(၉)တွင် ငါးဦး၊  တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်  (၁)တွင် လေးဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်   အမှတ်(၂)တွင်    ငါးဦးနှင့်    တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်  ၁၁ ဦးတို့   ပါဝင် ယှဉ်ပြိုင်ကြသည်။

ယခုနှစ်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ငဖဲမြို့နယ် အတွင်း   မဲပေးပိုင်ခွင့်ရှိသူ  ၃၉၆၂၆   ဦးရှိပြီး ၂၀၁၅   ခုနှစ်   ရွေးကောက်ပွဲထက်   မဲဆန္ဒရှင် ၃၀၀၀ ကျော် ပိုမိုများပြားခဲ့သည့်အပြင် မဲရုံ အရေအတွက်လည်း   ခြောက်ရုံ    ပိုမိုတိုးချဲ့ ဖွင့်လှစ်ခဲ့ရကြောင်းနှင့်    မဲရုံ   ၇၈   ရုံတွင် တာဝန်ထမ်းဆောင်ရန်     မဲရုံအဖွဲ့ဝင်ပေါင်း  ၁၁၈၁  ဦးကို  တာဝန်ချထားကြောင်း  သိရသည်။

မယု(ငဖဲ)