မဟာဆုတောင်းပြည့်နှီးဘုရားကြီး

Listing Description

မဟာဆုတောင်းပြည့်နှီးဘုရားကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း၊ ဖောင်းတောစံပြကျေးရွာ၊ ပတ္တမြားတောင်၊ ဣစ္ဆာသယစေတီရင်ပြင်၊ ဂန္ဓကုဋိစံကျောင်းတော်အတွင်း တည်ရှိပါသည်။ အိန္ဒိယမဇ္ဈိမဒေသ ဗုဒ္ဓဂယာမဟာဗောဓိစေတီမှ ဘူမိဖဿမုဒြာ ဗုဒ္ဓဆင်းတုတော် ပုံစံဖြစ်ပြီး ဉာဏ်တော်အမြင့် ၁၂ ပေ၊ ဒူးတော်နှစ်ဘက်အကွာအဝေး ၁၀ ပေ၊ ဓမ္မခဏ်အမြင့် ၂ ပေရရှိ၍ အကျယ် ၁၀ ပေရှိပါသည်။ နှီးဘုရားကြီးကို မြန်မာသက္ကရာဇ် ၁၃၆၆ ခုနှစ်၊ နတ်တော်လပြည့်နေတွင် စတင်ရက်လုပ်ပူဇော်ခဲ့ပါသည်။ မြတ်ဗုဒ္ဓဒေသနာ ဓမ္မက္ခန္ဓာကို ရည်မှန်း၍ ဝါး၊ နှီး အလုံးပေါင်း ၈၄၀၀၀ ကျော်အသုံးပြုပြီး သာသနာပြုဗိသုကာဆရာကြီး လုံးအွန်ဆိုင်မှ ဦးဆောင်ရက်လုပ်ပူဇော်ရာ ၁၃၆၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်နေ့တွင် ရက်လုပ်ပူဇော်မှု ပြီးစီးအောင်မြင်ခဲ့ပါသည်။