လိန်းလီကြိုးတံတား

Listing Description

လိန်းလီကြိုးတံတားသည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့၏ အနောက်တောင်ဘက် ပင်လောင်းမြို့မှ မိုင် ၂၀ ခန့်အကွာအဝေးတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ အရှည်ဆုံးကြိုးတံတားဖြစ်သည်။ ပေ ၆၀၀၀ ခန့် အမြင့်ရှိသော ဆင်တောင်မှ စီးဆင်းလာသော ပေါင်းလောင်းမြစ်ကိုဖြတ်၍ တောင်ထိပ်နှစ်ခု သွယ်တန်းထားသော တံတားဖြစ်ပြီး တံတား၏ အရှည်မှာ ၁၇၆၀ ပေဖြစ်ပါသည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။