လုံးနဂါးပတ်စေတီတော်

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့မှ ၁၅ မိုင်အကွာ၊ လုံးနဂါးပတ်ကျေးရွာတွင် တည်ရှိပါသည်။ သဘာဝအတိုင်း အထက်အောက် တည်ရှိနေသော ကျောက်တုံးကြီးနှစ်တုံးပေါ်တွင် တည်ထားသည့် စေတီတော်တစ်ဆူဖြစ်ပြီး ဘုရားသမိုင်းရာဇဝင်အရ ခဲင်ဖြား၊ မောင်ဖြား၊ တွီဖြား၊ ကင်ဖြား မုဆိုးကြီးလေးဦးက စတင်တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၂၄ ပေရှိပြီး စေတီတော်တည်ထားရာ ကျောက်တုံးကြီးမှာ အထက်အောက် ၉၀ ပေ၊ လုံးပတ် ၁၄၇ ပေရှိပြီး ထူးခြားချက်အနေဖြင့် အောက်ခြေကျောက်တုံးလုံးပတ်မှာ ၂၄ ပေသာရှိပါသည်။ စေတီတော်၏အနောက်ဘက်အနီးတွင် ထူးခြားသော ခရုကန်ရှိပါသည်။ ကန်ထဲရှိ ခရုများမှာ ထိပ်ပိုင်းပြတ်နေပြီး ယင်းကန်ထဲသို့ အခြား ခရုများ ထည့်လျှင်လည်း ဆယ်ရက်ခန့်အကြာတွင် အလိုလို ထိပ်ပိုင်းများပြတ်သွားသည်ဟုလည်း သိရပါသည်။