ကွမ်းလုံကြိုးတံတား

Listing Description

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန်းနီ - ကွမ်းလုံ - ချင်းရွှေဟော် - လောက်ကိုင်လမ်း၊ ကွမ်းလုံမြို့အနီး သံလွင်မြစ်ပေါ်ဖြတ်သန်းတည်ဆောက်ထားသည်။ ၁၉၆၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး တံတားအရှည် ၇၈၉ ပေရှိသည်။ တံတားကြီး၏ ကြမ်းခင်းများမှာ ပျဉ်းကတိုးသားများဖြစ်ပြီး သက်တမ်းကြာမြင့်လာ၍ ကြမ်းခင်းများဆွေးမြေ့ ပျက်စီးလာခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုရံပုံငွေဖြင့် သစ်သားကြမ်းခင်းများအစား သံမဏိသံဘောင် ကြမ်းခင်း(Steel Decking)များဖြင့် လဲလှယ်တပ်ဆင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြီးစီးခဲ့သည်။ တပ်ဆင်ခဲ့သည့် သံဘောင်သံပြားချပ်ရေ (၂၀၀) ချပ်ဖြစ်ပါသည်။ ဖြတ်သန်းသည့် ယာဉ်များ မချော်စေရန် သံမဏိကြမ်းခင်းပြားများကို ပန်းပွိုင့်များဖြင့် ပြုလုပ်ထားပါသည်။ သို့သော်လည်း တံတားပေါ်ဖြတ်သန်းရာတွင် သတ်မှတ်မိုင်နှုန်းဖြင့် မောင်းနှင်ကြမှာသာ ဘေးအန္တရာယ်ကင်းဝေးစေပါမည်။ တံတားခံနိုင်ဝန်မှာ မူလသတ်မှတ်ထားသော ၂၅ တန် အတိုင်းဖြစ်သည်။

#သံလွင်မြစ်ကူးတံတား သံလွင်တံတား