ကလောကျောင်းအုပ်ဟောင်း၏ နေအိမ်

Listing Description

ကလောမြို့၊ မင်းလမ်း၊ Red House Bar and Restaurant နှင့်မျက်နှာချင်းဆိုင် လမ်းတစ်ဖက်တွင် တည်ရှိသည်။ ၁၉၂၀ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ကလောအထက်တန်းကျောင်း၏ ကျောင်အုပ်ဟောင်းဖြစ်သူ ဒေါ်ခင်ရွှေနေထိုင်ခဲ့ကာ “Old Principle’s House” ဟု ယနေ့တိုင် လူသိများသည်။ အကွေးပုံသဏ္ဍာန်ရှိသည့် မုခ်ဝငါးခုနှင့် သစ်သားလသာဆောင် ဗိသုကာလက်ရာများမှာ ထင်ရှားသည်။ ယခုအချိန်တွင် ဒေါ်ခင်ရွှေ၏ မြေးဖြစ်သူ ဒေါ်ပြုံးကေသီနိုင် နေထိုင်လျက်ရှိသည်။