ကလောဘူတာ

Listing Description

ရှမ်းပြည်နယ်၊ ကလောမြို့ရှိ ကိုလိုနီခေတ်အဆောက်အအုံ တစ်ခုဖြစ်ပြီး လက်ရှိအချိန်ထိ အသုံးပြုနေဆဲ ဘူတာတစ်ခုဖြစ်ပါသည်။ ဘူတာကို၁၉၁၃-၁၉၁၄ ခုနှစ်ဝန်းကျင်တွင် စတင်တည်ဆောက်ခဲ့ကာ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဘူတာ၏ ခေါင်မိုးအုတ်ကြွပ်များမှာ ယနေ့အချိန်ထိ အကောင်းပကတိအတိုင်း တွေ့မြင်ရပါသည်။ ဘူတာသည် အရှည် ၇၆ ပေ အကျယ် ၃၃ ပေ နှင့် အမြင့် ၁၈ ပေရှိသည်။ ယခင်က တဆက်တည်းရှိသော ဘူတာမှာ ဒုတိယကမ္ဘာစစ်တွင်းဗုံးဒဏ်ကြောင့် အလယ်တွင်ပျက်စီးသွားခဲ့ကာ ယခု အဆောက်အဦး ၂ ခု ဖြစ်ခဲ့ရသည်။