Red House Bar & Restaurant

Listing Description

ကလောမြို့ မင်းလမ်းတွင် တည်ရှိပြီး ကိုလိုနီခေတ် ကုန်လှောင်ရုံအဆောက်အအုံပုံသဏ္ဌာန်မျိုး ဖြစ်သည်။ ရတနာအသံထွက်ရုပ်ရှင်ရုံအား ဆောက်လုပ်ခဲ့သော အီရန် စီးပွားရေးလုပ်ငန်းရှင် Mr.Aggha Sherazi က ၁၉၁၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ပြည်သူပိုင်အဖြစ်သိမ်းပြီးနောက် ယင်းအဆောက်အအုံအား ဆန်၊ ဆီ နှင့် အခြားသောပစ္စည်းများ သိုလှောင်ရုံတစ်ခုအဖြစ် အသုံးပြုခဲ့သည်။ ၂၀၁၆ ခုနှစ်မှစတင်၍ ပြန်လည်မွမ်းမံပြင်ဆင်ကာ အီတလီစားသောက်ဆိုင်အဖြစ် ဖွင့်လှစ်လျက်ရှိသည်။