နေခြည်ရွှန်းလက်

Listing Description

၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည် ။

၂၀၁၇ ခုနှစ်တွင် Miss Now How 2017 တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။. ထိုနှစ်တွင်ပင် MRTV-4 ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်အသစ် ရွေးချယ်ရာ အယောက် ၁၀၀ ခန့်ထဲမှ ရွေးချယ်ခံခဲ့ရသည်။

၂၀၁၈ ခုနှစ်တွင် “ပုဂံမြို့သူ” ဇာတ်လမ်းတွဲ၌ သရုပ်ဆောင် ဒေါင်း၊ မေမြင့်မိုရ်၊ ထူးအောင်၊ ဘုန်းရှိန်ခန့်တို့နှင့်အတူ ပထမဆုံး ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” ရုပ်သံဇာတ်လမ်းတွဲ၌ သရုပ်ဆောင် အောင်မင်းခန့်နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိလာခဲ့သည်။ ထို့နောက် “Room No?” ဇာတ်လမ်းတွဲ၌ ကျော်ဆု၊ ဝင့်ယမုံနိုင်၊ မြနှင်းရည်လွင်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။