စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူကျေးရွာတွင် ဧရာ၀တီမြစ်အတွင်းမှ ရှေးဟောင်းရွှေထည်ပစ္စည်းများတွေ့ရှိ

Listing Description

မြောင် ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူကျေးရွာတွင် ရွာ၏ အနောက်ဘက် ဧရာ၀တီမြစ်အတွင်းသို့ ရွာသားတစ်ဦး ရေဆင်းချိုးရာမှ ရွှေထည်ပစ္စည်းမျိုးစုံကို တွေ့ရှိကြောင်း သိရသည်။ (ဝဲပုံ)

အဆိုပါတွေ့ရှိရသည့် ရွှေထည်ပစ္စည်းများမှာ လက်ရာမြောက်စွာဖြင့် ပြုလုပ်ထားသော ရွှေထည်ပစ္စည်းများဖြစ်ပြီး မည်သည့်ခေတ်လက်ရာနှင့် မည်သည့်နေရာများတွင် ဝတ်ဆင်အသုံးပြုသည့် ပစ္စည်းများဖြစ်သည်ကို မခန့်မှန်းနိုင်သေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတွေ့ရှိရသည့် ရှေးဟောင်းရွှေထည်အမျိုးအစားအစုံကို ဒေသခံ ပြည်သူ ခြောက်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ကာ ယင်းရွှေထည်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိမ်းရေးဌာနသို့ ဆက်လက်ပေးပို့အပ်နှံရန် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ ထက်ထက်(ပြန်/ဆက်)