ဝက်မစွတ်ကျောင်းတိုက်

Listing Description

ဝက်မစွတ်ကျောင်းတိုက်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့၊ တောင်ရပ်ကွက်တွင် တည်ရှိပါသည်။ ၁၉၁၈ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် စတင်အုတ်မြစ်ချခဲ့ပြီး ၁၉၂၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ အုတ်ဖိုပေါင်း ၄၀၊ လုပ်သား  ၁၀၀ နှင့် အင်္ဂလိပ်ဗိသုကာများက တည်ဆောက်ခဲ့သော ကိုလိုနီခေတ် ဗိသုကာလက်ရာဟန်ရှိသည့် ရှေးဟောင်းဘုန်းကြီးကျောင်း အဆောက်အအုံတစ်ခု ဖြစ်ပါသည်။ အပေါ်ထပ်မျက်နှာကျက်တွင် ရွှေအစစ်များဖြင့် ပြုလုပ်ထားပြီး ဖန်ပွတ်လုံးများကိုလည်း အင်္ဂလန်မှ မှာယူတပ်ဆင်ခဲ့ကြောင်း သိရပါသည်။ ယခုအခါ ဝက်မစွတ်ကျောင်းတိုက်ကြီးသည် နှစ်ပေါင်း ၁၀၀ သက်တမ်းရှိအဆောက်အအုံဖြစ်သဖြင့် ကျောင်းတိုက်ကြီးပျက်စီးယိုယွင်းမှုများကို ထိန်းသိမ်းရန်အတွက် ကုန်ကျငွေကို ကျောင်းကြီး၏ မူလအလှူရှင် ဦးထင်ပေါ်+ဒေါ်ဒေါ်အိုတို့၏ သားသမီးမြေးမြစ်မိသားစုတို့မှ လှူဒါန်းခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စစ်ကိုင်းဌာနခွဲ)၏ လမ်းညွှန်ချက်များနှင့်အညီ ပြုပြင်ထိန်းသိမ်းထားရှိပါသည်။