YPS ကတ်များကို တစ်ကတ်ဝယ် တစ်ကတ်လက်ဆောင်ရယူနိုင်မည့် အစီအစဉ်ဖြင့်ရောင်းချ

10-Nov-2020

ရန်ကုန်  နိုဝင်ဘာ ၉

ရန်ကုန်  ငွေပေးချေခြင်းဝန်ဆောင်မှု (YPS) အရောင်းစင်တာများ ပြန်လည် ဖွင့်လှစ်သည့်အနေဖြင့်  YPS  ကတ် များကို  တစ်ကတ်ဝယ်   တစ်ကတ် လက်ဆောင်ရယူနိုင်မည့်  အစီအစဉ် ဖြင့် ရောင်းချလျက်ရှိကြောင်း YPS ၏ ထုတ်ပြန်မှုများအရ သိရသည်။

ကိုဗစ်-၁၉    ရောဂါဖြစ်ပွားပြီး နောက်     ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှုစင်တာများကို စက်တင် ဘာ  ၂၂  ရက်မှစတင်ကာ  ယာယီ ပိတ်ထားခဲ့ပြီးနောက် နိုဝင်ဘာ ၃ ရက် တွင်   ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်   နိုဝင်ဘာ   ၉    ရက်မှ နိုဝင်ဘာ  ၂၂ ရက်အထိ YPS ကတ် အရောင်းစင်တာများဖြစ်သော ရန်ကုန် မြို့တော်ခန်းမဘေး၊   မဟာဗန္ဓုလ ပန်းခြံရှေ့၊   မြန်မာပလာဇာ၊  ယုဇန ပလာဇာ၊ လှည်းတန်းမှတ်တိုင်၊ YUPT ရုံးချုပ်ရှေ့၊ ဗန္ဓုလပါရမီကားဝင်းရှေ့ တို့တွင်  တစ်ကတ်ဝယ်  တစ်ကတ် လက်ဆောင်ရယူနိုင်မည့် အစီအစဉ် ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရ သည်။

ရန်ကုန်       ငွေပေးချေခြင်း ဝန်ဆောင်မှုကတ်များကို   ဇူလိုင်  ၂၁  ရက်မှ စတင်၍   YBS  ခရီးသည်တင် ယာဉ်လိုင်း ၁၂ လိုင်းတွင် အသုံးပြုခဲ့ပြီး ဩဂုတ်  ၈ ရက်တွင် ယာဉ်လိုင်းပေါင်း  ၂၁ လိုင်းတွင်  ထပ်မံအသုံးပြုလျက် ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး  သယ်ယူ ပို့ဆောင်ရေး     ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏     ထုတ်ပြန်ချက်များ အရ နိုဝင်ဘာ   ၈   ရက်တွင်   YBS ယာဉ်လိုင်းပေါင်း    ၉၁   လိုင်းမှ မော်တော်ယာဉ်အစီးရေ  ၁၆၈၆  စီး ပြေးဆွဲလျက်ရှိပြီး       ခရီးသည် နှစ်သိန်းကျော်    သွားလာလျက်ရှိ ကြောင်း  သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)

ဓာတ်ပုံ - YPS