ရွေးကောက်ပွဲမှာ သမ္မတ ဘယ်လောက်သုံးခဲ့လဲ

04-Dec-2020

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ ရွေးကောက်ပွဲကုန်ကျစရိတ်ကို ရန်ကုန်၊အရှေ့ပိုင်းခရိုင် ကော်မရှင်အဖွဲ့ခွဲရုံးမှာ ဒီကနေ့မနက်ပိုင်းက ကိုယ်တိုင်လာသွင်းခဲ့တယ်လို့ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာ ကျော်စိုးဝင်းက ဘီဘီစီကို အတည်ပြုပါတယ်။

တာမွေမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်တဲ့ ဦးဝင်းမြင့်ဟာ ကျပ်သိန်းတစ်ရာ သုံးစွဲခွင့်ရပေမယ့်လို့ သိန်း ၃၀ တောင်မသုံးခဲ့ဘူးလို့ ဒေါက်တာ ကျော်စိုးဝင်းကပြောပြီးအသေးစိတ်သုံးစွဲမှုစာရင်းကိုတော့မသိရသေးပါဘူး။

နေပြည်တော်က သမ္မတအိမ်တော်မှာနေတဲ့ သမ္မတဦးဝင်းမြင့်ဟာ ရန်ကုန်မြို့က တာမွေမဲဆန္ဒနယ်မှာအနိုင်ရခဲ့ပြီး ကိုဗစ် ၁၉ ကပ်ရောဂါအ‌ခြေအနေအရ ကိုယ်တိုင်မဲဆွယ်ပွဲတောင်မလုပ်ဖြစ်ခဲ့ပါဘူး။

သူဟာ ဖေ့စ်ဘွတ်ခ်ကနေမဲဆွယ်တာ၊ဗီနိုင်းထောင်တာနဲ့ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကျပ်သုံးသိန်း တင်သွင်းတာတွေပဲအဓိကသုံးခဲ့တာပဲဖြစ်ပါတယ်။

ဓာတ်ပုံ - U Win Myint facebook

ဘီဘီစီ မြန်မာပိုင်း

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။