ရွေးကောက်ပွဲ သုံးကြိမ်ဆက် အနိုင်ရတဲ့ ချောင်းဆုံအမတ်ကို ဒေသခံတွေ ဂုဏ်ပြု

12-Nov-2020

ပြီးခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၂၀ အထိ အထွေထွေရွေးကောက်ပွဲတွေမှာ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ မွန်ပြည်နယ်၊ ချောင်းဆုံ အမတ် ဒေါက်တာအောင်နိုင်ဦးကို ချောင်းဆုံမြို့နယ်၊ ဒေါင်ဥကျေးရွာ ဒေသခံ ရာနဲ့ချီပြီး  ဒီနေ့ ဂုဏ်ပြုပွဲ လုပ်ပေးခဲ့ပါတယ်။

ချောင်းဆုံမြို့နယ်အတွင်းက ကမာမို၊ မုဒွန်းကျေးရွာတွေမှာလည်း ဂုဏ်ပြုပွဲတွေ လုပ်ပေးခဲ့တာပါ။

ကျန်းမာရေးဝန်ကြီးဌာနက ရွေးကောက်ပွဲပြီးပြီဖြစ်လို့ ကပ်ရောဂါအခြေအနေအရ လူစုလူဝေးမလုပ်ဖို့ သတိပေးစာကို နိုဝင်ဘာလ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေကို မလိုက်နာရင် တည်ဆဲစည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေ တွေနဲ့ အရေးယူမယ်လို့လည်း ပြောထားပါတယ်။

ရွေးကောက်ပွဲမှာ မဲအများအပြား အနိုင်ရခဲ့တဲ့ NLD ပါတီကို ဝန်းရံသူတွေကလည်း ရန်ကုန်၊ မွန်၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်းတို့မှာ အောင်ပွဲခံတာတွေကို ရွေးကောက်ပွဲပြီးနောက် ပြုလုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

Crd RFA