ရန်ကုန်မြို့လည်မှာ ရွေးကောက်ပွဲကော်မရှင်ကို လူ ၁၀၀လောက်က ဆန္ဒပြ

28-Dec-2020

တပ်မတော်နှင့်အတူ အသင့်ရှိနေကြောင်း နှင့် ရွေးကောက်ပွဲစုံစမ်းရေးကော်မရှင်ဖွဲ့ပေးဖို့  တောင်းဆိုဆန္ဒပြပွဲတခု ကို ရန်ကုန်မြို့လည်မှာကျင်းပခဲ့ကြပါတယ်။

သမ္မတရုပ်ရှင်ရုံရှေ့မှ စတင်ကာ မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက်ကာ  ဆန္ဒပြသူ ၁၀၀ ဝန်းကျင်လောက်က ရွှေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ တပ်မတော်ကို ထောက်ခံတဲ့ကြွေးကြော်သံတွေ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး  ဆန္ဒပြခဲ့ကြပါတယ်။

DVB News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာ အချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။