ရေးမှာ တံဆိပ်တုံးအတုနဲ့ မဲပေးထားတဲ့ စာရွက် မဲရုံတွင်း ယူလာသူကို ဖမ်းဆီး အမှုဖွင့်

08-Nov-2020

မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ အစင်ကျေးရွာမဲရုံအမှတ် ၆ အတွင်း လေ့လာစောင့်ကြည့်သူ ကိုယ်စားလှယ်ထံက အမှန်ခြစ်တံဆိပ်တုံး နှစ်တုံးနဲ့ မဲ အသိပညာပေးစဉ် ကြံ့ခိုင်ရေးပါတီကို မဲပေးထားတဲ့ နမူနာမဲစာရွက်တွေကို မဲရုံအတွင်း ယူလာတာကြောင့် မဲရုံတာဝန်ကျ လုံခြုံရေးနဲ့ ကော်မရှင်တို့က ဖမ်းဆီးပြီး ရွေးကောက်ပွဲ ဥပဒေနဲ့ ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

အမှုဖွင့်တဲ့ ပုဒ်မအတိအကျကိုတော့ မသိရသေးပါဘူး။ ရေးမြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးညီသွေးပြောပြချက် အရ တံဆိပ်တုံး ၂ခုမှာ တခုက UEC အမှတ်တံဆိပ်ပါ တံဆိပ်တုံးမျိုးဖြစ်ပြီး နောက်တခုကတော့ ရိုးရိုးသာမန် တံဆိပ်တုံးတခု လို့သိရပါတယ်။

Crd BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။