ရန်ကုန် မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အပါအဝင် လေးဦး ပိုးကူးခံရ

11-Nov-2020

ရန်ကုန်တိုင်း (မြောက်ပိုင်းခရိုင်) ရွေးကော်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုဦးစီးမှူးနဲ့ အကြီးတန်းစာရေး စတဲ့ လေးဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ တိုင်းကော်မရှင် အတွင်းရေးမှူး ဦးတင်မောင်အေးက ပြောပါတယ်။

ဘယ်နေရာမှာ ကူးစက်ခံရတယ်ဆိုတာမသိရဘဲ သူတို့ကိုစစ်ဆေးရာမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိပြီး သူတို့မိသားစုဝင်တွေ၊ ဝန်ထမ်းတွေကို ကန့်သတ်စောင့်ကြည်ထားတယ်လို့ ဦးတင်မောင်အေးက ပြောပါတယ်။

လက်ရှိရွေးကောက်ပွဲ ရလဒ်တွေကို ရန်ကုန်တိုင်း ကော်မရှင်ကတာဝန်ယူ ကြေညာနေတာကြောင့် ရွေးကောက်ပွဲရလဒ်ကို ထိခိုက်မှုမရှိဘူးလို့လည်း ဦးတင်မောင်အေးက ပြောပါတယ်။

မြောက်ပိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဇနီးနဲ့ သမီးမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မနေ့က ပိုးတွေလူနာ ၁၂၆၆ ဦးထပ်တိုးတွေ့ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေလူနာ ၆၃၀၀၀ ကျော် ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Crd RFA