ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ဦးသန့်စင်မောင်တို့ အနိုင်ရ

09-Nov-2020

ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅)က ဝင်ရောက်ယှဉ်ပြိုင်တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဟာ မဲအပြတ်အသတ်အနိုင်ရရှိခဲ့တယ်လို့ ညောင်လေးပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅) ဖြစ်တဲ့ ညောင်လေးပင်မြိုနယ် နှင့် ကျောက်တံခါးမြိုနယ် တို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒီမြို့နယ်နှစ်ခုမှာပဲ ယှဉ်ပြိုင်ခဲ့တာပါ။ ညောင်လေးပင်မြိုနယ်နဲ့ ကျောက်တံခါးမြိုနယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေက ကိုယ်လှယ်လောင်းအား လုံး အနိုင်ရရှိခဲ့တယ်လို့ လက်ရှိအမျိုးလွှတ်တော်ကိုယ်စားလှယ်လဲဖြစ် ညောင်လေးပင်မြို့နယ်NLD ပါတီ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်ကပြောပါတယ်။ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင် ဝင်ရောက်ယှဉ်ပြိုင်တဲ့ မုံရွာမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ မုံရွာမြို့နယ်မှာ ပြည်သူ့လွှတ်တော်နေရာအတွက် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင် တဲ့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ပြိုင်ဘက်ပါတီတွေကို မဲအရေအတွက် နှစ်သိန်းကျော်နဲ့ အနိုင်ရရှိခဲ့တာဖြစ်သလို အမျိုးသားလွှတ်တော်အတွက် ဒေါ်သီတာဝင်းက မဲအရေတွက် နှစ်သိန်းနီးပါးနဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။ တိုင်း(၁) နေရာမှာတော့ ဒေါ်အမာကြည်က မဲအရေတွက် (၈) သောင်းကျော်နဲ့ အနိုင်ရရှိခဲ့ပြီး တိုင်း (၂) နေရာမှာတော့ ဒေါ်အောင်ကြည် က မဲအရေအတွက် (၁)သိန်းကျော်နဲ့ အနိုင် ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Crd BBC News