တိုင်းဒေသကြီးနေရာအားလုံးမှာ NLD က မဲ ပိုရပြီး ၂၀၁၅ ကထက် ပိုနိုင်တယ်လို့ ပါတီပြောခွင့်ရသူပြော

09-Nov-2020

ရန်ကုန်အပါအဝင် တိုင်းဒေသကြီးအားလုံးမှာ NLD ပါတီဟာ ၂၀၁၅ ကထက် မဲ အရေအတွက်ပိုရပြီး ၂၀၁၅ ကထက်လည်း အနိုင်ရတဲ့မဲဆန္ဒနယ်အရေအတွက် ပိုများတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ဘီဘီစီကို နိုဝင်ဘာ ၉ ရက် မနက် ၁၀ နာရီခွဲမှာ ပြောပါတယ်။

ပြည်နယ်တွေမှာတော့ ချင်းမှာ ပြည်နယ်လွှတ်တော် နှစ်နေရာကလွဲပြီး တစ်ပြည်နယ်လုံး NLD က နိုင်ပြီး မွန်မှာလည်း ယခင်ရွေးကောက်ပွဲတုန်းကလို ရလဒ်မျိုး ရတယ်လို့ ကနဦးသိရကြောင်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ချောင်းဆုံမြို့နယ်မှာတော့ နေရာတချို့မှာ NLD ပါတီက ရှုံးနိမ့်ထားတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ယခင် ၂၀၁၅ ရွေးကောက်ပွဲက အနိုင်ရခဲ့တဲ့ နေရာ ၃၉၀ ထက် ပိုပြီး အနိုင်ရဖို့ သေချာနေပြီး မဲပေးနှုန်းရာခိုင်နှုန်းကလည်း ၈၅ ရာခိုင်နှုန်းလောက်ရှိတယ်လို နေပြည်တော်  NLD ပါတီအောင်နိုင်ရေးအဖွဲ့ဝင် ဦးကျော်ထွေးက ဘီဘီစီကို ပြောပါတယ်။

Crd BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။