ဖျံမျိုးနွယ်ဝင် မင့်ခ်သတ္တဝါက ကူးတဲ့ ကိုဗစ်ဖြစ်နေလို့ ယူကေ က ပြည်ဝင်ခွင့်ပိတ်

09-Nov-2020

လန်ဒန်  နိုဝင်ဘာ  ၈

ဒိန်းမတ်နိုင်ငံတွင် မွေးမြူထားသည့် မင့်ခ်(mink) ဟုခေါ်သည့် ဖျံမျိုးနွယ် ဝင်  မြွေပါများထံမှ  လူသို့  ကိုဗစ်-၁၉ ရောဂါ အသစ်တစ်မျိုး  ကူးစက်မှုကို တွေ့ရှိခဲ့ရခြင်းကြောင့်    ဗြိတိန်နိုင်ငံက  ဒိန်းမတ်နိုင်ငံမှ     လာရောက်မည့် ခရီးသွားများကို နိုဝင်ဘာ ၇ ရက်မှ စတင်ကာ  ပြည်ဝင်ခွင့်ပိတ်ပင်လိုက် ကြောင်း သိရသည်။

ဒိန်းမတ်နိုင်ငံတွင်   ရောက်ရှိ နေသူ   သို့မဟုတ်  နေထိုင်လျက်ရှိ သည့် ဗြိတိန်နိုင်ငံသားများအနေဖြင့်   မိမိနိုင်ငံဆီသို့   ပြန်လာခွင့်ရှိသော် လည်း နိုင်ငံအတွင်း   ပြန်ရောက်သည် နှင့် တစ်ပြိုင်နက်  ဗြိတိန်၌  ၎င်းတို့နှင့် အတူတကွ   နေထိုင်မည့်   မိသားစုဝင် များအားလုံးနှင့်အတူ   ၁၄   ရက် သီးခြားနေထိုင်ကာ   အသွားအလာ ကန့်သတ်မှုဖြင့်      နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင်  ပြီးခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း        ဒိန်းမတ်နိုင်ငံ သို့ သွားရောက်ခဲ့သည့် ဗြိတိန်နိုင်ငံ သားများကိုလည်း    ၁၄   ရက်  သီးခြား နေထိုင်စေမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

လတ်တလောတွင်    ဒိန်းမတ် နိုင်ငံမှ  ဝင်ရောက်လာသည့် ကုန်တင် ယာဉ်များကို   ပိတ်ပင်ခြင်းမရှိသေး သော်လည်း   အဆိုပါယာဉ်များနှင့် ပတ်သက်သည့် နောက်ထပ်ကြေညာ ချက်တစ်ခု ထုတ်ပြန်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက  ဖော်ပြ သည်။ ဒိန်းမတ်နိုင်ငံသည် ဗြိတိန်သို့ ကုန်ပစ္စည်းတင်ပို့မှု အများဆုံးနိုင်ငံ များစာရင်းတွင် ပါဝင်သည်။

ဒိန်းမတ်နိုင်ငံရှိ   မြွေပါများမှ လူသို့ ရောဂါကူးစက်မှုဖြစ်ပွားခဲ့ပြီး မကြာမီ  စကော့တလန်လေကြောင်း လိုင်းဖြစ်သည့် လိုဂန်အဲ လေကြောင်း လိုင်းကလည်း   စကော့တလန်နှင့် ဒိန်းမတ် လေကြောင်းခရီးစဉ်ပြေးဆွဲ မှုကို နိုဝင် ဘာ  ၉  ရက်နေ့မှစတင်ကာ ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရ သည်။

အေအက်ဖ်ပီ

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။