နှင်းဆီပါတီဦးကျော်မြင့်ကို ထောင်ပြေးမှုနဲ့ ထောင် ၂ နှစ်ချ

12-Nov-2020

နှင်းဆီပါတီဥက္ကဌဦးကျော်မြင့်အား ထောင်ပြေးမှုဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်း မန္တလေးချမ်းအေးသာစံတရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

ဖျက်သိမ်းခံထားရတဲ့ UDP ပါတီရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ ထောင်ပြေးမှုနဲ့ အမြင့်ဆုံးပြစ်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့စွဲချက်တင်ထားတာကို ဆက်လက်စစ်ဆေးခံသွားရမယ်လို့ တရားခံရှေ့နေ ဦးနေလင်းထွန်း ကပြောပါတယ်။

ဦးကျော်မြင့်ဟာ မန္တလေးမြို့ အိုးဘိုထောင်မှာ ရာဇဝတ်မှုနဲ့ ထောင်ဒဏ်ကျခံနေစဉ် ၁၉၉၉ ခုနှစ်မှာ ထွက်ပြေးသွားခဲ့တဲ့ အမှုဟောင်းနဲ့ ပြီးခဲ့တဲ့လကုန်ပိုင်းမှာပဲ ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီးတော့ ထောင်ပြေးမှုအပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းဆိုင်ရာ ဥပဒေတွေနဲ့ စစ်ဆေးခံနေရတာဖြစ်ပါတယ်။

Crd VOA News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။