နာမည်ကျော် ဂူဂဲလ်ကုမ္ပဏီဝန်ဆောင်မှု ပြတ်တောက်

15-Dec-2020

ဆန်ဖရန်စစ္စကို   ဒီဇင်ဘာ   ၁၄

ဂူဂဲလ် အက်ပလီကေးရှင်းများဖြစ်သည့် YouTube၊ Gmail နှင့် ဂူဂဲလ်၏ အခြား ဆက်စပ်ဝန်ဆောင်မှုအားလုံးမှာ တစ်ကမ္ဘာ လုံးအတိုင်းအတာဖြင့် ဝန်ဆောင်မှု ပြတ်တောက်ခဲ့ကြောင်း ဘီဘီစီသတင်း တစ်ရပ်တွင် ဖော်ပြသည်။

ဝန်ဆောင်မှုသည် ဗြိတိန်ဒေသစံတော်ချိန် မွန်းတည့်ချိန်တွင် စတင်ပြတ်တောက်ခဲ့ပြီး သုံးစွဲသူများအနေဖြင့် ဂူဂဲလ်သို့ဝင်ရောက် ရာတွင်လည်း အသုံးပြု၍ မရခဲ့ကြောင်း သိရသည်။ တစ်ကမ္ဘာလုံးရှိ ဂူဂဲလ်ဝန်ဆောင်မှု အသုံးပြုသူများက Gmail ၊ Google Drive ၊ Google Playstore နှင့် Google Map စသည့် ဂူဂဲလ်နှင့်  ဆက်စပ်ဝန်ဆောင်မှု  အက်ပလီကေး ရှင်းများအားလုံးမှာ အသုံးပြု၍ မရခဲ့ကြောင်း ဆိုသည်။ ယင်းသို့ နည်းပညာအင်အားကြီး ဂူဂဲလ် ၏ဝန်ဆောင်မှု ပြတ်တောက်ခဲ့ခြင်းကြောင့်  တစ်ကမ္ဘာလုံးရှိ စီးပွားရေးနှင့် လူပုဂ္ဂိုလ်တစ်ဦး ချင်းစီ၏ လုပ်ငန်းကိစ္စရပ်များ နှောင့်နှေးကြန့် ကြာမှုများ ဖြစ်ပေါ်ခဲ့ရသည်။

သို့ရာတွင် ဂူဂဲလ်ကုမ္ပဏီဘက်က ၎င်းတို့ ဝန်ဆောင်မှုတွင် မည်သို့သော မှားယွင်းမှုမျှ မဖြစ်ပေါ်ခဲ့ကြောင်း ငြင်းဆိုမှုပြုခဲ့သည်။

ကိုးကား- ဘီဘီစီ

ဘာသာပြန်-မေလဲ့သင်း