လိုအပ်ရင် ရွေးကောက်ပွဲကန့်ကွက်လွှာတွေတင်မယ်လို့ တပ်မတော်ထုတ်ပြန်

01-Dec-2020

တပ်မတော်သားတွေနဲ့မိသားစုဝင်တွေ မဲပေးခဲ့တဲ့ မြို့နယ် ၂၁၈ ခုက ရွေးကောက်ပွဲဖြစ်စဥ်တွေကို ပြန်လည်စိစစ်သုံးသပ်နေပြီး တွေ့ရှိချက်တွေအရ လိုအပ်ရင် မဲဆန္ဒရှင်တွေကတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲကန့်ကွက်လွှာတွေတင်သွင်းသွားမယ်လို့ တပ်မတော်က နိုဝင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုစိစစ်တဲ့အခါ လိုအပ်တဲ့စာရွက်စာတမ်းတွေရဖို့ သက်သေခံဥပဒေပုဒ်မတွေအရ ကူးယူခွင့်ရဖို့ ကော်မရှင်က ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ညွှန်ကြားပေးဖို့ကိုပါ အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလိုလုပ်တာဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အများပြည်သူ သံသယကင်းစွာ အသိအမှတ်ပြုနိုင်ဖို့နဲ့ ဥပဒေကိုလေးစားလိုက်နာတဲ့အလေ့အထကောင်းတွေနဲ့ နိုင်ငံရေးလမ်းကြောင်း ပိုမိုဖြောင့်တန်းဖို့ရည်ရွယ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ-ပြင်ဦးလွင်မှာ မဲပေးခဲ့တဲ့ စစ်တက္ကသိုလ်ဗိုလ်လောင်းတွေ

Photo - Myo Thiha Kyaw / MPA

ဘီဘီစီ မြန်မာပိုင်း