လာမည့်နှစ်တွင် ကျင်းပမည့်ပြိုင်ပွဲများအတွက် မြန်မာအမျိုးသမီးအသင်း ပြင်ဆင်

10-Nov-2020

ရန်ကုန် နိုဝင်ဘာ ၉

မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် အာရှနှင့် အရှေ့တောင် အာရှအဆင့်ပြိုင်ပွဲများအတွက် ပြင်ဆင် မှုများပြုလုပ်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါအပေါ်မူတည်၍ ပြင်ဆင်မှု များ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် လာမည့်နှစ်တွင် ပြိုင်ပွဲနှစ်ခုမှသုံးခု အထိ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နှစ်ကုန် ပိုင်း သို့မဟုတ် နှစ်ဆန်းပိုင်းတွင် စတင်လေ့ကျင့်နိုင်ရန် မျှော်မှန်းထား သည်။ မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နည်းပြချုပ်အပြောင်း အလဲပြုလုပ်ထားပြီး နှစ်လယ်ပိုင်းတွင် ဦးတင်မြင့်အောင်ကို ယာယီ နည်းပြချုပ်အဖြစ်မှ အမြဲတမ်းနည်းပြ ချုပ်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ သည်။ မြန်မာအမျိုးသမီးအသင်း သည် ယခုနှစ်လယ်ပိုင်းကတည်းကစတင်လေ့ကျင့်ရန် စီစဉ်ခဲ့သော်လည်း ကပ်ရောဂါ အခြေ အနေကြောင့် လေ့ကျင့်နိုင်ခြင်းမရှိသလို ကစားသမားများ အတွက် ပြည်တွင်းပြိုင်ပွဲဖြစ်သည့် အမျိုးသမီးလိဂ်ပြိုင်ပွဲ ကိုလည်း ကိုဗစ်-၁၉ ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိ ခဲ့ပေ။ မြန်မာအမျိုးသမီးအသင်းသည် လာမည့်နှစ်တွင် နိုင်ငံတကာပြိုင်ပွဲများစွာ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပြင်ဆင်မှုများစွာ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာခြေစမ်း ပွဲနှင့် ပြည်တွင်းခြေစမ်းပွဲ စုစုပေါင်းပွဲ ၅၀ ဝန်းကျင်ကစားရန် စီစဉ်ထားသည်။

မြန်မာအမျိုးသမီးအသင်းသည် လာမည့်နှစ်တွင် အာရှဖလားခြေစစ်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲတို့ ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲ ကျင်းပဖြစ်ပါကလည်း ပြိုင်ပွဲသုံးခုအထိ ယှဉ်ပြိုင် ရမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပမည့် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို စက်တင်ဘာ ၁၃ ရက်မှ ၂၅ ရက်အထိ ကျင်းပရန် စီစဉ်ထား သည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရထားသည့် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲကို နိုဝင်ဘာ တတိယပတ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းအနေဖြင့် နှစ်ကုန်ပိုင်းတွင် ပြိုင်ပွဲ များ ဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-စိုးညွန့်