ကာလတိုအတွက် တိုင်းပြည်ကို ဦးဆောင်ရန် ပြန်လာနိုင်သည်ဟု မဟာသီယာ အရိပ်အမြွက်ပြော

14-Nov-2020

ကွာလာလမ်ပူ နိုဝင်ဘာ ၁၃

ပြည်သူများဆန္ဒရှိပါက ကာလတို အတွင်း တိုင်းပြည်ကို  ဦးဆောင်ရန် အသင့်ရှိသည်ဟု မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က  အရိပ်အမြွက်ပြောကြား ခဲ့သည်။ 

အသက်  ၉၅  နှစ် ရှိပြီဖြစ်သော မဟာသီယာသည် အင်န်အိတ်ချ်ကေ နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံသည် ဖေဖော်ဝါရီ လမှစတင်ကာ နိုင်ငံရေး ဝရုန်းသုန်း ကားအခြေအနေတွင် နစ်နေခဲ့ရသည်။

အာဏာရပါတီအတွင်း အတိုက် အခိုက်များကြောင့် ဝန်ကြီးချုပ် မဟာ သီယာ   နုတ်ထွက်ခဲ့သည့်အချိန်မှ စတင်ကာ   အခြေအနေမှာ  လှုပ်လှုပ် ရှားရှား ဖြစ်လာရခြင်းဖြစ်သည်။

ယခင် ပြည်ထဲရေးဝန်ကြီးဟောင်း မူယစ်ဒင်ယက်ဆင်က မတ်လမှ စတင်ကာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သည်။

သို့သော်လည်း ၎င်း၏ အစိုးရအဖွဲ့မှာ အခြားသောအတိုက်အခံအုပ်စုများ ကြောင့် ဖိအားများနှင့်  ရင်ဆိုင်နေ ရသည်။

တိုင်းပြည်ကို ပြန်လည်ဦးဆောင် ရန် ဆန္ဒရှိသလားဟု အင်န်အိတ်ချ်ကေ က မေးမြန်းခဲ့သည်။ ဝန်ကြီးချုပ်အဖြစ် မဟုတ်ဘဲ     တိုင်းပြည်ကို    ကာလတို အတွက် ဦးဆောင်ကောင်း ဦးဆောင် နိုင်သည်ဟု မဟာသီယာက ဖြေကြား ခဲ့သည်။ 

သို့သော်လည်း  ယင်းအချက်မှာ ပြည်သူများ၏   ဆန္ဒအပေါ်မူတည် သည်ဟု ၎င်းကဖြေကြားခဲ့သည်။

မဟာသီယာသည်    ၎င်း၏ အသက်အရွယ်ကြောင့်     လာမည့်  ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ