COVID-19 ကပ်ရောဂါ အရှိန်လျော့ကျသွားခြင်း မရှိသေး WHO အကြီးအကဲ သတိပေး

10-Nov-2020

COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ဆောင်မှုအတွက် လူတွေ စိတ်ပျက်လာနိုင်ပေမယ့် ဒီရောဂါပိုးကတော့ မမောမပန်းဆက်ပြီး ဒုက္ခပေးနေမှာ ဖြစ်တာကြောင့် ဒီရောဂါတိုက်ဖျက်ရေးကို မနားမနေ ဆက်လက်လုပ်ဆောင်ကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့မှာ ပြောပါတယ်။

COVID-19 အတွက် ကျနော်တို့ စိတ်ပျက်လာနိုင်ပေမဲ့ ဒီပိုးကတော့ မနားတမ်း ဆက်ပြီး ဒုက္ခပေးနေမှာ ဖြစ်သလို နိုင်ငံရေးအရ ပြောဆိုတာတွေ ထင်မြင်ချက်တွေကို လည်းသူက ဂရုစိုက်မှာ မဟုတ်ကြောင်းနဲ့ ကျနော်တို့ဘက်က သိပ္ပံနည်းကျလုပ်ဆောင် အဖြေရှာပြီး စည်းစည်းလုံးလုံးရှိမှသာ ကျော်လွှားနိုင်မှာ ဖြစ်ကြောင်း ပြောသွားတာပါ။

ဒါ့အပြင် ကျန်းမာရေးချို့တဲ့ သူတွေဟာ ဒီရောဂါပိုးရဲ့ သားကောင်ဖြစ်လာသလို တန်းတူညီမ ျှမှု မရှိတာ၊ သိရက်နဲ့ လက်မခံတာ၊ တမင်လျှစ်လျူရှုတာမျိုးလို တခြားအားနဲမှုတွေကလည်း သူ့ရဲ့ သားကောင်ဖြစ်နေတယ်လို့ လည်း တပတ်ကြာကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နှစ်ပတ်လည် ညီလာခံ တနင်္လာနေ့မှာ WHO အကြီးအကဲက ပြောကြားခဲ့တာဖြစ်ပါတယ်။

ကမ္ဘ္ဘာတလွှား COVID-19 အကူးစက်ခံရသူ သန်း ၅၀ ကျော်သွားပြီဖြစ်ပြီး ဒီရောဂါကြောင့် သေဆုံးရသူက ၁.၂၅ သန်း ကျော်ရှိနေချိန်မှာ အခုလို ပြောကြားခဲ့တာပါ။

ဒါ့အပြင် အမေရိကန်နိုင်ငံမှာ နောက်တက်လာဖို့ရှိတဲ့ ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒင်ကို ဂုဏ်ပြုကြိုဆိုလိုက်ပြီး အစိုးရသစ်အဖွဲ့နဲ့ အနီးကပ် လက်တွဲဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောပါတယ်။

မစ္စတာဘိုင်ဒန်ကလည်း WHO ကို ကူညီထောက်ပံ့ငွေ အများဆုံးပေးနေတဲ့ အမေရိကန်နိုင်ငံကို အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်မှာ ဖြစ်ကြောင်း အရိပ်လက္ခဏာပြခဲ့ တာဖြစ်ပါတယ်။

တချိန်ထည်းမှာပဲ အမေရိကန်ဆေးကုမ္ပဏီတခုဖြစ်တဲ့ Pfizerက သူတို့ဟာ COVID-19 ကာကွယ်ဆေး စမ်းသပ်စစ်ဆေးမှုအတွက် နောက်ဆုံး အဆင့် Stage 3 ကို ရောက်နေပြီ ဖြစ်ပြီး ဒီကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ ရာခိုင်နှုန်း ၉၀ ကျော်ရှိတယ်လို့ တနင်္လာနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။

Crd VOA News