"ဗိုလ်ကြီး ကျတော် အုတ်ကန်မှာ ရေသွားချိုးမလို့ ခွင့်လာတိုင်တာပါ"
"အော်……ရဲဘော်ငပွပါလား။အုတ်ကန်တင်ပဲကွာ ခွင့်တောင်းစရာမလို ပါဘူး သွားးးသွားးးး"
"ဟုတ် ဗိုလ်ကြီး"
ညနေ တန်းစီကွင်းတွင်
"ဆရာကြီး ရဲဘော်ငပွ မတွေ့ပါလား"
"ဗိုလ်ကြီးပဲ ဥက္ကံကို ပြန်ဖို့ခွင့်ပေးလိုက်တယ်လေ"
"အာ ဒေါင်းစားး အုတ်ကန်နဲ့ ဥက္ကံပုံမှားရိုက်သွားတယ်"
**********************************************
"ဗိုလ်ကြီး အတွက် မှိုဟင်းချက်ထားတာလေးလာပို့တာ"
"အော်အေးး အေးး ကျေးဇူးတင်ပါတယ်ကွာ"
"တပည့် မင်းချက်တဲ့မှိုဟင်းစားကောင်းတယ်ကွ"
"ဟေးးးးးးဗိုလ်ကြီးမသေဘူးကွ ငါတို့စားလို့ရပြီ"
"အာ ဒေါင်းစားတပည့်"
**********************************************
"ဒီမှာ ရှင့်တပည့်က ကျမခြံထဲက ကြက်ဥခိုးသွားတယ်။အဲ့ဒါလာတိုင် တာ"
"ရတယ်အဖွား ကျတော်ပြန်လျော်ပေးပါ့မယ်"
"နေအုံး အဲ့ကြက်ဥကနေအကောင်ပေါက် အဲ့အကောင်ကနေကြက်ဥ လေးတွေပြန်ဥ……အဲ့ကြက်ဥလေးတွေကနေ အကောင်ထပ်ပေါက်"
"ရပြီ အဖွားအဲ့လောက်ဆို။ကျတော်အဖွားကြက်ဥကိုလျော်ဖို့အတွက် ရွာကအမေ့ရဲ့နွားနဲ့လယ်ကွက်ကိုပြန်ရောင်းလိုက်အုံးမယ်။ ငိုးမပဲ"
**********************************************
"ဗိုလ်ကြီး ဆားငံသွားပြီ"
"ရေနည်းနည်းထည့်လိုက်လေ"
"ရေများသွားပြန်ပြီဗိုလ်ကြီး"
"ဆားထပ်ထည့်လိုက်လေကွာ"
"ငံသွားပြန်ပြီဗိုလ်ကြီး"
"ရေထပ်ထည့်လိုက်"
"အိုးပြည့်သွားပြီ ဗိုလ်ကြီး"
"အဲ့လောက်ဆိုရပြီတပည့် ဝက်စာအိုးထဲသာထည့်လိုက်တော့။ငိုးမတ ပည့် ငတ်ပြီတပ်ခွဲတခုလုံး"
**********************************************
"ငါလက်တဖက်ထဲနဲ့ ဘဝကိုမရှင်သန်ချင်တော့ဘူးသတ်သေတော့မယ် ကြာ"
ထိုစဉ် အပြင်ဖက်၌ လက်နှစ်ဖက်ကိုတိုင်းပြည်အတွက်ပေးလှူလိုက် သော ဆရာကြီးမောင်ဌေးကိုတွေ့လိုက်သောအခါ
"ဗျို့ဆရာကြီးမောင်ဌေး ဆရာကြီးကလက်နှစ်ဖက်စလုံးမရှိတာတောင် ကနိုင်သေးတယ်နော်။ကျတော်ကတော့လက်တဖက်တည်းမို့ စိတ် ဓာတ်ကျပြီး သတ်သေမလို့ဟာကို"
"ယီးးကနေတာမဟုတ်ဘူးကွ ဒေါင်းစားရ…ဒီမှာဖင်ယားလို့ဘယ်လို ကုတ်ရမလဲဖြစ်နေတာကို……မင်းဟာမင်းသေပါ့လား"
**********************************************
"ဗိုလ်ကြီး ဒီမှာမန်ကျည်းသီးထောင်းလေးလာပို့တာ"
"ဟာထမင်းစားမြိန်တော့မှာပဲ။ကျေးဇူးတင်တယ်တပည့်ရာ"
ထမင်းစားပြီးသော်
"တပည့် မင်းထောင်းထားတဲ့ မန်ကျည်းသီးထောင်းက စားလို့ကောင်း လိုက်တာကွာ။ဒါနဲ့ မင်းထမင်းစားတာငါမတွေ့ပါဘူး"
"ဟုတ် ဗိုလ်ကြီး……မန်ကျည်းသီးကိုထောင်းစရာဆုံမရှိတာနဲ့ တပည့် ဝါးပြီး သုပ်လိုက်လို့ သွားကျိန်းနေလို့ ထမင်းမစားနိုင်တာပါဗိုလ်ကြီး"
"အာ ငိုးမတပည့်………ဝေါ့………"
**********************************************
Credit Kyaw Htut Khaing