အင်္ဂပူမှာ NLD ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရ

12-Nov-2020

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရဲ့ လွှတ်တော်နေရာအားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနိုင်ရရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီနေ့၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။

လက်ရှိ တိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်က အင်္ဂပူမြို့နယ် တိုင်းလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကနေ အနိုင်ရခဲ့ပါတယ်။

ဒီနေရာကို USDP က ၂၀၁၀ ကနေ ၂၀၁၅ အထိ တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသိန်းအောင်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။

တိုင်းလွှတ်တော်အမှတ် ၁ အတွက် NLD က ၃၈၅၅၄ မဲ၊ USDP က ၂၄၇၁၁ မဲ၊ UBP က ၃၄၇ မဲ၊ ပြည်သူ့ပါတီ PP က ၂၇၂ မဲ အသီးသီးရရှိခဲ့တာပါ။

အင်္ဂပူမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် ၂ အတွက် NLD က ၃၆၆၃၃ မဲ၊ USDP က ၂၁၄၈၃ မဲ၊ UBP က ၅၃၆၀ မဲ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းက ၂၂၆၁ မဲနဲ့ PP က ၃၅၃ မဲ ရရှိခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အတွက် NLD က ၇၉၃၁၁ မဲ၊ USDP က ၄၅၂၀၁ မဲ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းက ၁၄၀၈ မဲ၊ PP ၉၆၃ မဲ ရရှိခဲ့ပါတယ်။

ကြံခင်း ၊ မြန်အောင်နဲ့ အင်္ဂပူမြို့နယ်တွေပါတဲ့ ဧရာဝတီတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၁ နေရာကို NLD က ၂၁၇၇၈၅ မဲ၊ USDP က ၉၇၆၈၃ မဲ၊ UBPက ၃၃၄၄ မဲ ရရှိခဲ့ပါတယ်။

အင်္ဂပူမြို့နယ် မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆၄၈၅၅ ဦးရှိပြီး ၁၃၁၁၃၆ ဦး က ဆန္ဒမဲလာရောက်ပေးခဲ့ကာ ခိုင်လုံမဲ က ၁၂၈၇၇၅ မဲ ရရှိပြီး ပယ်မဲ က ၂၃၆၁ မဲ ရှိခဲ့ပါတယ်။

Crd RFA

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။