အီဂျစ်နိုင်ငံတွင် ရှေးဟောင်းခေါင်းတလားများကို ထုတ်ဖော်ပြသထား

17-Nov-2020

ကိုင်ရို နိုဝင်ဘာ ၁၆

အီဂျစ်နိုင်ငံတွင် လွန်ခဲ့သည့်  နှစ်ပေါင်း ၂၅၀၀ခန့်က ရှေးဟောင်းခေါင်းတလား   ၁၀၀ ကျော်ကို     မြို့တော်ကိုင်ရိုတွင် ထုတ်ဖော်ပြထားသည်ဟု သိရသည်။ အဆိုပါခေါင်းတလားများကို  ဂျိုဆာ ပိရမစ်အနီးတွင် နိုဝင်ဘာ ၁၄ ရက်က ပြသထားခြင်း ဖြစ်သည်။

သစ်သားဖြင့်  ပြုလုပ်ထားသော ခေါင်းတလားများမှာ   လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ခန့်ကဟု  ယူဆရပြီး ဆကာရာ    ရှေးဟောင်းသင်္ချိုင်း  အောက်ခြေ    ၁၀   မီတာကျော်တွင် အဆိုပါခေါင်းတလားများကို    မြှုပ်နှံ ခဲ့ခြင်းဖြစ်သည်။

ရှေးဟောင်းသုတေသနပညာရှင် များက အခေါင်းများကို ဖွင့်လိုက်သည့် အခါ အဝတ်များဖြင့်   ထုပ်ပိုးထား သော မံမီများကို တွေ့ရသည်။

 မံမီအလောင်းများ၏  အသက်နှင့်  ယောကျ်ား မိန်းမ ခွဲခြားရန် အိတ်စ်ရေး ဖြင့် ခွဲခြားဆုံးဖြတ်ခဲ့သည်။ ခေါင်းတလားများနှင့်    ရှေးဟောင်းလက်မှု ပစ္စည်းများကို ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု အီဂျစ်ခရီး သွားလာရေးနှင့် ရှေးဟောင်းသုတေသနဝန်ကြီးဌာနက  ပြောသည်။ ဆကာရာရှေးဟောင်းသင်္ချုင်းနေရာတွင် နောက်ထပ်အခေါင်းများကိုလည်း တွေ့ရှိထားသည်။ နောက်ထပ်ရတနာများ တွေ့ရှိမည်ဟုလည်း ခန့်မှန်းထားသည်။ အသစ်တွေ့ရှိထားသည့်  ခေါင်းတလားများကို အီဂျစ် ရှေးဟောင်းပြတိုက်တွင် ပြသထားမည်ဖြစ်ပြီး  အဆိုပါပြတိုက်ကို ကိုင်ရိုမြို့အနီးတွင် ဖွင့်လှစ်မည်ဟု မျှော်လင့်ထားသည်။

အင်န်အိတ်ချ်ကေ