ဇီးအိုရွာ

Listing Description

ညောင်ဦးမြို့နယ် ပုဂံမြို့၏အရှေ့တောင်ဘက် ၁၃ မိုင်အကွာတွင် တည်ရှိသည်။ နှစ်ပေါင်း ၉၀၀ ကျော် သက်တမ်းရှိ မန်ကျည်းကိုးခွပင်ကြီး၊ ဧက ၄၀ ကျော်အကျယ်ဝန်းရှိ အင်ကြင်းတောကြီး၊ ရှေးဟောင်းသံချက်ဖိုဟောင်းနေရာများနှင့် အင်ကြင်းကျောက်များရှိရာနေရာများကြောင့် ထင်ရှားသည်။ မန်ကျည်းကိုးခွပင်ကြီးမှာ လုံးပတ်အရွယ်အစား ၅၀ ပေ ၁ လက်မရှိပြီး ဖျာထွက်နေသောကိုင်းကိုးကိုင်းကို အုတ်ဒေါက်တိုင်များဖြင့် ခံထောက်ပေးထားရသည်။ အင်ကြင်းတောတွင် အင်ကြင်းပင်ပေါင်း ၇၀၀ ကျော်နှင့်အခြားအပင်များရှိကာ အချို့အင်ကြင်းပင်ကြီးများမှာ နှစ်သက်တမ်း ၆၀၀ ကျော်၊ လုံးပတ် ၁၅ ပေကျော်၊ အမြင့် ၁၇၃ ပေခန့်အထိရှိပြီး ၂၀၀၈ ခုနှစ်မှစတင်၍ သစ်တောဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။