ဇေရဲထက်

Listing Description

ဇေရဲထက်ကို ၁၉၈၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့ တွင် မွေးဖွားခဲ့သည်။ မွေးချင်း လေးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ ကျောက်ဆည်တက္ကသိုလ်တွင် ဥပဒေဘာသာရပ်ဖြင့် ဒုတိယနှစ် သင်ယူခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ဂျွန်လွင်မော်ဒယ်အေဂျင်စီ သင်တန်းတွင် တက်ရောက်ခဲ့သည်။ ထို့နောက် အမျိုးသားမော်ဒယ်လ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Mr. Crown Award၊ Mr. Lapyaewun (ဒုတိယဆု)၊ Mr. Bestmatch Award နှင့် Mr. Hero စသည့် ဆုများစွာကို ရရှိခဲ့သည်။ ထို့နောက် တီဗီကြော်ငြာများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် Thalwin Film Producation နှင့် အဓိကဇာတ်ဆောင်အဖြစ် စာချုပ်ချုပ်ခဲ့သည်။ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားဖြစ်သော “ပြောလို့မဖြစ်ဘူး” ဇာတ်ကားတွင် နန်းခင်ဇေယျာ နှင့်တွဲဖက်၍ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် “ဖေဖော်ဝါရီ ၃၀” ဇာတ်ကား ထွက်ရှိလာခဲ့ပြီး ပရိတ်သတ် အားပေးမှု ရရှိခဲ့သည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ရုံတင်ပြသခဲ့သည့် “အွန်လိုင်းပေါ်ကဝိညာဉ်” ရုပ်ရှင်ဇာတ်ကားတွင် နေတိုး ၊ ဖွေးဖွေး၊ ချမ်းမီမီကို တို့နှင့်အတူ ပွဲဦးထွက်ပါဝင်ခဲ့သည်။. ထို့နောက် “ချုပ်ဆေး” ရုပ်ရှင်ဇာတ်ကားကြီးတွင် ပထမဆုံး အဓိက ဇာတ်ဆောင်မင်းသားနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ZYH Flim and Video Production ကုမ္ပဏီတည်ထောင်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ဝိုင်းကြီးချုပ်စပွန်ဆာ၊ ယောက်ဖစစ်ဆင်ရေး၊ ယမမင်းနှင့် ကိုကံကောင်း၊ ဖရဲသီးမော်ဒယ်၊ နို့ဘီလူး စသည့် ရုပ်ရှင်ဇာတ်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ လက်ရှိအချိန်ထိ ဗီဒီယိုဇာတ်ကားပေါင်း ၁၀၀ ကျော်နှင့် ရုပ်ရှင်ဇာတ်ကားကြီးပေါင်း ၉ ကားခန့်တွင် ပါဝင်သရုပ်ဆောင်ထားသည်။