ရုပ်စုံတန်ဆောင်း

Listing Description

ပုဂံညောင်ဦးမြို့ ရွှေစည်းခုံစေတီတော် တောင်ဘက်စောင်းတန်း အင်္ဂါထောင့်အနီးတွင် တည်ရှိသည်။ ၁၉၀၃ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်‌နေ့တွင် ဒေးဒရဲမြို့အပိုင် အိုးတုတ်ရွာနေ ဆရာဦးထွန်းဦး၊ ဇနီး မယ်စိန်ကိုင်တို့က ငွေဒင်္ဂါး ၉၅၀၀ ကျပ် အကုန်အကျခံပြီး ဆောက်လုပ်လှူဒါန်းခဲ့သည်။ တန်ဆောင်းအတွင်းတွင် ကိုလိုနီခေတ်လက်ရာ ဗုဒ္ဓဆင်းတုတော်တစ်ဆူ ကိန်းဝပ်တော်မူလျက်ရှိပြီး မှန်စီရွှေချလက်ရာနှင့် ဇာတ်နိပါတ်တော် ‌ရုပ်စုံ ပန်းပုလက်ရာများကိုလည်း လေ့လာနိုင်သည်။ ယင်းရုပ်စုံလက်ရာများကို ထုဆစ်ပုံဖော်ခဲ့သော ပညာရှင်မှာ ပခုက္ကူနယ်မှ ပန်းပုဆရာဟု သိရပြီး တန်ဆောင်းကြီးရှိ ပန်းပုလက်ရာ‌များမှာ ခမ်းနားမှုရှိသကဲ့သို့ မြင်ရသူတွေများအတွက်လည်း မျက်စိပသာဒ ဖြစ်နေပါသည်။