ဆာဖာရီဥယျာဉ်

Listing Description

ဆာဖာရီဥယျာဉ်သည် နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ အရှေ့ဘက် မိုင်တိုင်အမှတ် (၂၇၀/ ၀) တွင်တည်ရှိသည်။ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ နက္ခတ်တာရာပြခန်း (နေပြည်တော်)တို့နှင့် ဆက်စပ်လျက်ရှိပါသည်။ ဆာဖာရီဥယျာဉ်ကို ၂၀၁၁-ခု၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း ၂၉၁.၅၂ ဧက ကျယ်ဝန်းပါသည်။ ဥယျာဉ်အတွင်းတွင် နို့တိုက်သတ္တဝါများအား အာဖရိက ဆာဖာရီ ၊ သြစတေးလျပြကွက် ၊ အာရှပြကွက် ဟူ၍ ပြကွက် ၁၂ ခုနှင့် ကျေးငှက်သတ္တဝါပြကွက် ၁ ခု ၊ စုစုပေါင်း ၁၃ ခုတို့အား သဘာဝအတိုင်း လွှတ်ကျောင်း စနစ်ဖြင့် ပြသထားလျက်ရှိပါသည်။ ဝန်ဆောင်မှုများအနေဖြင့် ဥယျာဉ်ကားများဖြင့်သာ လည်ပတ်ရန် စီစဉ်ထားခြင်း၊ နေရာရှုခင်းများ ပြင်ဆင် ဆင်ယင်ထားရှိခြင်း၊ ရေပန်းအလှများ ဆောင်ရွက်ထားခြင်း၊ အခမဲ့သန့်စင်ခန်းများထားရှိပေးခြင်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။