အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)

Listing Description

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)သည် နေပြည်တော်ပျဉ်းမနားအနီးရှိ ရေဆင်းဆည်နှင့် ထိစပ်လျက် တိရစ္ဆာန်ဥယျာဉ် နက္ခတ်တာရာပြခန်းနှင့် ဆာဖာရီ ဥယျာဉ်(နေပြည်တော်)၏ မြောက်ဘက်ကပ်လျက် ရန်ကုန်-မန္တလေး ကားလမ်းမဟောင်း အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။၂၀ဝ၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းသားကျေးရွာဟုလည်း လူသိများထင်ရှားပါသည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ပကတိအချိုးအစားကိုရယူ၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စေတီပုထိုးများ၊ အထိမ်းအမှတ်အဆောက်အအုံများ၊ ရေမြေတောတောင်သဘာဝများ၊ တိုင်းရင်းသား သွေးချင်းများ၏ ရိုးရာနေအိမ်များ၊ ဓလေ့ထုံးစံဝတ်စားဆင်ယင်မှုများ၊ ရိုးရာ အစားအစာများဖြင့် စိတ်ဝင်စားဖွယ်ဖြစ်စေရန် တည်ဆောက်ပြသထားလျက်ရှိသည်။