ဦးညီပု (၁၉၀၀ - ၁၉၉၆)

Listing Description

မြန်မာနိုင်ငံတွင် ပထမဆုံးသော ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။ သူ၏ညီအငယ်ဆုံး တင်မောင်သည် အောင်မြင်သေား ဒါရိုက်တာတစ်ဦး ဖြစ်သည်။

ဦးညီပုကို ၁၉၀၀ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပြည်မြို့၌ အဖဦးဘညွန့် အမိ ဒေါ်ညိမ်းရှင်တို့မှ ဒုတိယမြောက်သားအဖြစ် မွေးဖွားခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် မြန့်မာရုပ်ရှင်ကို တီထွင် ကြံဆရိုက်ကူးရန် ကြိုးစားနေသော ဦးအုန်းမောင်အား လူအား၊ ငွေအား၊ ဉာဏ်အားဖြင့် ပါဝင်ကူညီခဲ့သည်။ ၁၉၂၀ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ မေတ္တာနှင့် သူရာ အသံတိတ် မြန်မာရုပ်ရှင်ဇာတ်ကားတွင် ပထမဆုံး မြန်မာရုပ်ရှင်မင်းသားအဖြစ် ပါဝင်ရိုက်ကူးခဲ့သည်။ ထိုဇာတ်ကားကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရုံတင်ပြသခဲ့သည်။ လက်ရှိအချိန်တွင် ထိုနေ့ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် အထမ်းအမှတ်ပွဲများ ပြုလုပ်ကြသည်။ 

၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများ

မေတ္တာ နှင့် သူရာ (ရုပ်ရှင်သရုပ်ဆောင်) ၁၉၂၀

ကျေးတောသူမနု (ရုပ်ရှင်သရုပ်ဆောင်) ၁၉၂၁

တောမြိုင်စွန်းကလွမ်းအောင်ဖန် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၂၃

တစ်ခိုင်လုံးရွှေ (ရုပ်ရှင်သရုပ်ဆောင်) ၁၉၂၄

မှိုင်းဝေဝေ (ရုပ်ရှင်သရုပ်ဆောင်) ၁၉၂၅

သမိုင်းညွှန့်ပေါင်း (ရုပ်ရှင်သရုပ်ဆောင်) ၁၉၃၃

ဆုထူးပန် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ ) ၁၉၂၉

ရွှေနှင်းဆီ (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ ) ၁၉၃၁

ဂျပန့်ရင်သွေး (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၃၅

ကျားသစ်မယ် ၁၉၂၃

ပလုပ်တုတ်တုတ် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၂၅

စင်္ကြာရှင် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၂၅

ရွှေမင်းဝံ (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၂၆

မြသဘက် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၂၇

မြအေးရင် ၁၉၂၇

မြိုင်နန်းစံ ၁၉၂၆

ချစ်သွေးညီညီ ၁၉၃၁

ချစ်ရေစင် (ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာ) ၁၉၃၅

ပန်သစ္စာ ၁၉၅၄

သံခမောက် ၁၉၃၅

စမ်းရေယဉ် ၁၉၃၆

ချစ်လူယုံ ၁၉၃၈ (အသံထွက်ရုပ်ရှင်)

ကိုယ့်ရင်သွေး ၁၉၅၅

ချစ်သံသရာ ၁၉၅၇

၅၂၈ ၊ ၁၉၅၈

နန်းထက်ကပန်းတစ်ခက် ၁၉၆၃

မမှောင်သောအလင်း ၁၉၆၅

သမန်းကျား ၁၉၇၀